အဆိပ်ပျင်းမြွေတွေ အများဆုံးတွေ့ရတဲ့နိုင်ငံများ..
mmload.com
|
2023-06-22

အဆိပ်ပျင်းမြွေတွေကို ကမ္ဘာ့နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနိုင်ငံတွေထဲကမှ အဆိပ်ပျင်းမြွေတွေအများဆုံးတွေ့ရတဲ့ နိုင်ငံ (၃) ခုကို ဖော်ပြပေးသွားပါမယ်။


(၁) မက္ကဆီကို

မက္ကဆီကိုနိုင်ငံမှာ အဆိပ်ပျင်းတဲ့မြွေမျိုးစိတ်ပေါင်း (၈၀) ကျော်ရှိပြီး ကမ္ဘာ့အဆိပ်ပျင်းမြွေအများဆုံးတွေ့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြွေခလောက်၊ မြွေပွေးနှင့် သန္တာမြွေမျိုးစုံကိုတွေ့ရမှာဖြစ်ပါတယ်။ မြွေတွေသာမက အဆိပ်ပျင်းပင့်ကူ၊ ကင်းခြေနှင့် အိမ်မြှောင်တွေကိုလည်း အများအပြားတွေ့နိုင်ပါတယ်။  


(၂) ဘရာဇီး

ဘရာဇီးဟာ သစ်တောအထူထပ်ဆုံးနိုင်ငံတစ်ခုဖြစ်တာကြောင့် အဆိပ်ပျင်းမြွေများစွာတွေ့ရတာအထူးအဆန်းတော့မဟုတ်ပါဘူး။ ဘရာဇီးမှာ မြွေပွေးနှင့် သန္တာမြွေတွေကို အများဆုံးတွေ့ရပါတယ်။ နောက်ထပ်ထူးခြားတာက လူတွေကိုသွားလာခွင့်ပိတ်ပင်ထားတဲ့ ကျွန်းတစ်ခုရှိပါတယ်။ အဆိုပါကျွန်းကို မြွေကျွန်းလို့ခေါ်ပြီး တစ်စတုရန်းမီတာမှာ မြွေတစ်ကောင်စီရှိပါတယ်။


(၃) ဩစတေးလျ

အဆိပ်ရှိကုန်းနေမြွေတွေ အဓိကကျက်စားရာ နေရာတစ်ခုဖြစ်ပြီး မျိုးစိတ်ပေါင်း (၆၀) ကျော် ရှိပါတယ်။ ဩစတေးလျမှာ အခြားအဆိပ်ရှိသတ္တဝါတွေထက် အဆိပ်ရှိမြွေတွေနဲ့ မကြာခဏကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် အဆိုပါမြွေတွေဟာ သဘာဝအတိုင်းလူကိုအန္တရာယ်မပေးတတ်တာကြောင့် မြွေကိုက်ခံရမှုများစွာမတွေ့ရတတ်ပါဘူး။


နောက်ထပ်အဆိပ်ရှိမြွေအများဆုံးနိုင်ငံအဖြစ် အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတွေက အစဥ်အတိုင်းရပ်တည်နေပါတယ်။ 


#ဘရာဇီး
#ဩစတေးလျ
#မက္ကဆီကို
#မြွေပွေး
#မြွေခလောက်

Some text some message..