ပင်လယ်လိပ်များဟာ နှစ် ၁၀၀ အထိ အသက်ရှင်နိုင်တယ်တာ သိပါတယ်...?
mmload.com
|
2023-06-23

လိပ်မျိုးစိတ်တွေထဲမှာ ပင်လယ်လိပ်တွေဟာ နှစ် ၁၀၀ ထိ အသက်ရှင်နိုင်ကြတယ်ဆိုတာ ပညာရှင်အချို့က မှတ်တမ်းတင်ခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် ပင်လယ်လိပ်တွေရဲ့ အသက် ရှည်ကြာမှုက သူတို့ရဲ့ မျိုးစိတ်နှင့် နေထိုင် ပတ်ဝန်ကျင်ပေါ်မှုတည်မူ ကွဲပြားမှုတော့ ရှိပါတယ်။ 



Photo Credit - From Google 

ဥပမာ- လိပ်စိမ်း (Green Turtle )တွေဆိုရင် သက်တမ်းအရှည်ဆုံး ပင်လယ်လိပ်မျိုးစိတ်များထဲမှာ တစ်မျိုးဖြစ်ပြီး နှစ် ၈၀ ကျော်အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ အချို့လိပ်တွေဆိုရင် နှစ် ၁၀၀ အထိ အသက်ရှင်ကြပါတယ်။



Photo Credit - From Google

ပုံမှန်အားဖြင့် ပင်လယ်လိပ်တွေရဲ့ သက်တမ်းဟာ နှစ် ၄၅ မှ ၆၇ နှစ်ထိ အသက်ရှင်ကြတာပါ။ ဒါကြောင့် သူတို့ရဲ့ သက်တမ်းက မျိုးစိတ်နှင့် နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကွဲပြားသွားကြတာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ အချို့သော ပင်လယ်လိပ်မျိုးစိတ်တွေဟာ အသက်တိရစ္ဆာန်တွေထက် ဆယ်စုနှစ်များစွာကြာအောင် အသက်ရှင်နိုင်ကြပေမယ့် အသက် ၁၀၀ နှစ်အထက်မကျော်တာတော့ သေချာပါတယ်။ 

Source - worldwildlife

#တိရစ္ဆာန်
#မှတ်တမ်း
#ပင်လယ်လိပ်
#ပတ်ဝန်းကျင်
#GreenTurtle

Some text some message..