
သစ်သားပိုးကောင်တွေ ပေါက်ဖွား ရှင်သန်တာက အခြားပိုးကောင်တွေနဲ့ မတူပါဘူး။ အရွယ်ရောက်ပြီးသား ပိုးကောင်ဖြစ်ဖို့ကို အဆင့် ၄ ဆင့်လောက်ဖြတ်ရပါတယ်။ ပထမဆုံးအဆင့်က မျိုးဥ ၊ ပြီးတော့ ပိုးလောင်း ၊ ပိုးတုံးလုံးနှင့် အရွယ်ရောက်ပြီးတဲ့ ပိုးဆိုပြီး ဖြစ်လာပါတယ်။

Photo Credit - From Google
(၁) မျိုးဥ
အရွယ်ရောက်ပြီးတဲ့ သစ်ပိုးကောင်တွေဟာ အများအားဖြင့် အက်ကွဲကြောင်းများနှင့် အပေါက်ငယ်များမှာ သူတို့ မျိုးဥတွေကိုချရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သားလောင်းတွေရှင်သန်ဖို့အတွက် သင့်လျော်တဲ့ အစိုဓာတ်ပါဝင်တဲ့ သစ်သားကိုပဲ ရွေးချယ်ရတာပါ။ သူတို့ရဲ့ မျိုးဥတွေကတော့ အရမ်းသေးငယ်တာဖြစ်လို့ ကျွန်တော်တို့ သာမန် မျက်လုံးနဲ့ မမြင်ရပါဘူး။

Photo Credit - From Google
(၂) ပိုးလောင်း
ပိုးလောင်းဆိုတာက မျိုးဥများပေါက်ပြီးတာနဲ့ သစ်သားပိုးလောင်းများ ထွက်ပေါ်လာတာပါ။ အဲ့ဒီ သားလောင်းလေးတွေက မသိရင်တော့ သံကောင်တဲ့ တူပါတယ်။ သူတို့ ကြီးထွားလာပြီးဆိုရင်တော့ သစ်သားအတွင်းမှာ ဥမင်လိုဏ်ခေါင်းများဖောက်ပြီး နေထိုင်ကျက်စားပါတယ်။ သားလောင်း အဆင့် ကြာချိန်ကတော့ ပိုးမျိုးစိတ် ပြီးတော့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်တာဖြစ်လို့ အများအားဖြင့် လပိုင်း မှ နှစ်ပေါင်းများစွာအထိ ကြာရှည်ပါတယ်။

Photo Credit - From Google
(၃) ပိုးတုံးလုံး
သားလောင်းတွေဟာ သူတို့ရဲ့ အမြင့်ဆုံး အရွယ်အစားကို ရောက်ရှိလာတဲ့ အခါ အများအားဖြင့် သစ်သားအတွင်းမှာ pupal chamber တစ်ခုကို တည်ဆောက်ကြပါတယ်။ ပြီးတော့မှ အဲ့ဒီ pupal chamber အတွင်းမှာ အရွယ်ရောက်ပြီးတဲ့ ပိုးကောင်များအဖြစ်သို့ ပြောင်းလဲကြတာ ဖြစ်ပါတယ်။ ပိုးတုံးလုံး အဆင့်မှာတော့ သိသိသာသာ လှုပ်ရှားမှုမရှိကြပါဘူး။

(၄) အရွယ်ရောက်ပြီးတဲ့ ပိုးကောင်
အရွယ်ရောက်ပြီးတဲ့ အချိန်မှာတော့ ပုံမှန်အားဖြင့် သူတို့ရဲ့ အခွံက နက်မှောင်ပြီး မာကျောကြပါတယ်။ ကျွန်တော်တို့ ပျတ်ဝန်းကျင်မှာတော့ အစိုဓာတ်ရှိသေးတယ် သစ်ပင်၊သစ်သားတွေမှာ ဒီလိုအရွယ်ရောက်ပြီးတဲ့ ပိုးကောင်တွေကို တွေ့ရပါတယ်။ အဲ့ဒီပိုးကောင်တွေက သေးငယ်တယ်လို့ ထင်ရပေမယ့် အရှည် ၃ မီလီမီတာအထိ ရှိကြပါတယ်။

Photo Credit - From Google