
(၁) ပိုလာဝက်ဝံများ
အဖြူရောင်အမွှေးတွေနှင့်ချစ်စရာကောင်းတဲ့ ပိုလာဝက်ဝံလေးတွေဟာ အာတိတ်ဒေသလိုမျိုး ကမ္ဘာ့အအေးဆုံးနေရာတွေမှာပဲရှင်သန်နေထိုင်ကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ သူတို့ဟာ ပြင်းထန်တဲ့အအေးဒဏ်ကိုကာကွယ်နိုင်ဖို့ ဖြူလွှနေတဲ့အရေပြားတွေအောက်မှာ နက်မှောင်နေတဲ့အသားအရေရှိပြီးတော့ ဒီအသားအရေကနေတစ်ဆင့် နေရောင်ခြည်ကိုကောင်းကောင်းထိန်းသိမ်းစုတ်ယူထားကြတာဖြစ်ပါတယ်။

(၂) ပင်ကွင်း
ပုပုကွကွနှင့်လူတိုင်းနီးပါးသဘောကျကြတဲ့ ပင်ကွင်းလေးတွေဟာလည်းအအေးဒဏ်အမြင့်ဆုံးကိုခံနိုင်ရည်ရှိတဲ့နေရာမှာ နာမည်ကြီးကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်တွင်းကအဆီဓာတ်တွေကနေတစ်ဆင့် အပူကိုထိန်းသိမ်းပြီး ပြင်းထန်တဲ့ရေခဲပြင်ရာသီဥတုကို အံတုကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပင်ကွင်းလေးတွေဟာ တစ်နာရီမှာ (၂၂) မိုင်အထိရေကူးနိုင်ကြတဲ့ အကောင်လေးတွေလည်းဖြစ်ပါတယ်။

(၃) အာတိတ်ယုန်
ဒီယုန်တွေဟာလည်း တစ်ခြားယုန်မျိုးစိတ်တွေလိုပဲ နေထိုင်တတ်ကြပေမဲ့ သူတို့ရဲ့ကိုယ်တွင်းလုပ်ဆောင်မှုဟာ အခြားမျိုးစိတ်တွေထက် ပြင်းထန်တဲ့အအေးဒဏ်ကိုခံနိုင်ရည်ရှိကြပါတယ်။ သူတို့ဟာ မြေကြီးထဲတွင်းတူးပြီးနေထိုင်လေ့ရှိကြတဲ့အပြင် သားကောင်တွေကိုလိုက်ဖမ်းတဲ့နေရာမှာလည်းသာမာန်ယုန်မျိုးစိတ်တွေထက်ပိုပြီး အများကြီးမြန်ပါတယ်။