
ခေါင်းကအမောက်ပုံစံလေးနှင့်အမွှေးဖွာလေးတွေရှိနေတဲ့ ဒီငှက်လေးတွေဟာတစ်ခြားငှက်တွေနှင့်မတူဘဲ ရေကြိုက်တဲ့အကောင်လေးတွေဖြစ်ပါတယ်။ ဒီငှက်လေးတွေဟာ သူတို့ရဲ့အသိုက်ကိုတောင်မှာ ရေပေါ်မှာပေါလောပေါတဲ့အသိုက်လိုမျိုးဆောက်လုပ်လေ့ရှိပြီး ငှက်ပေါက်လေးတွေကိုအကောင်ပေါက်ပြီးတစ်ပတ်အကြာလောက်မှာရေကူးသင်ပေးကြတာဖြစ်ပါတယ်။

တစ်ချို့ ငှက်တွေဟာဆိုရင်ဘဝတစ်လျှောက်လုံးပျံသန်းတာမလုပ်ဘဲ ရေကူးရင်းနှင့်ပဲနေထိုင်တတ်ကြပါတယ်။ သူတို့ရဲ့အမွှေးတွေဟာရေစိုခံဖြစ်ပြီး ခြေထောက်တွေကလည်း ဖားလိုမျိုးအပြားလိုက်ဖြစ်နေတာကြောင့် ရေထဲမှာလွတ်လွတ်လပ်လပ်ရေကူး ရေငုပ်တာတွေလုပ်နိုင်ကြပါတယ်။ Grebe တွေဟာ သူတို့ရဲ့အမွှေးတွေကိုကိုယ်တိုင်ပြန်စားကြတဲ့အပြင် ငှက်ပေါက်လေးတွေကိုလည်းကျွေးကြလေ့ရှိပါတယ်။

ဒီငှက်တွေအများစုကို ရေကန်ရှိတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ်။ ဆောင်းခိုဖို့အချိန်ရောက်လာရင် အနီးအနားကကမ်းရိုးတန်းတွေဆီကိုပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ ဒီငှက်တွေဟာ ရေကူးတော်လွန်းတာကြောင့် ရန်သူနှင့်ကြုံရရင်ပျံသန်းမဲ့အစား ရေငုပ်လိုက်တာ လိုမျိုးပဲလုပ်လေ့ရှိကြပါတယ်။

သူတို့ကိုယ်တိုင်က အသားစားသတ္တဝါတွေဖြစ်ပြီး အများအားဖြင့် ငါးနှင့် ရေနေသတ္တဝါအသေးလေးတွေကိုစားသုံးကြပါတယ်။ Grebe မျိုးစိတ်ဟာ အမျိုးပေါင်း နှစ်ဆယ်ကျော်ရှိနေပေမဲ့ အများစုက မျိုးသုဥ်းဖို့အန္တရာယ်ရှိအနေအထားကိုရောက်နေကြတာဖြစ်ပါတယ်။