ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့ လိပ်ပြာ
mmload.com
|
2023-07-21

လိပ်ပြာမျိုးစိတ်တွေထဲမှာ Gynandromorph လိပ်ပြာတွေဟာ ခန္ဓာကိုယ်တစ်ခုတည်းနဲ့ လိင်အင်္ဂါနှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတဲ့ ထူးထူးခြားခြား အင်းဆက်တစ်မျိုးပါ။ ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ လူသားအပါအဝင် သတ္တဝါအများစုဟာ သဘာဝတရားကြီးပေးတဲ့ လိင်အင်္ဂါတစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။



 Gynandromorph လိပ်ပြာများမှာတော့ ခန္ဓာကိုယ်ရဲ့ အလယ်မျဉ်းတစ်လျှောက် အညီအမျှ ကွဲပြီး တစ်ဖက်က အထီးဖြစ်ကာ ကျန်တစ်ဖက်မှာ အမျိုးသမီးဖြစ် လိင်အင်္ဂါနှစ်ခုဖြင့် ရှင်သန်နေကြတာပါ။ 



ဒီလိုထူးခြားတဲ့ အခြေအနေဟာ အများအားဖြင့် ဆဲလ်ခွဲဝေခြင်း (သို့မဟုတ်) ခရိုမိုဆုန်းခွဲခြားမှုအတွင်း အမှားအယွင်းတစ်ခုကြောင့် ကြီးထွားမှုအစောပိုင်းမှာ ဖြစ်ပေါ်လာခဲ့တာပါ။ အဲ့သလိုဖြစ်ပေါ်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ တစ်ဝက်စီဟာ မတူညီတဲ့ မျိုးပွားအင်္ဂါနှစ်ခုလုံး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။


#သဘာဝ
#ခန္ဓာကိုယ်
#လိပ်ပြာ
#Gynandromorph
#ခရိုမိုဆုန်း

Some text some message..