မိကျောင်းတွေ မျက်ရည်ကျတာဘာကြောင့်လဲ?
mmload.com
|
2023-07-24

တိရိစ္ဆာန်တစ်ချို့ဟာလူသားတွေလိုပဲ ခံစားချက်ရှိတတ်ကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ခွေးနှင့်ကြောင်တွေလိုမျိုးအပြင် နွားတို့ ဆင်တို့လိုတောရိုင်းကောင်တွေဟာလည်းခံစားချက်ရှိပြီး မျက်ရည်ကျတာလိုမျိုးအပြုအမူကိုလုပ်လေ့ရှိကြပါတယ်၊


ဒီလိုအကောင်တွေထဲမှာ ကုန်းနေရေနေသတ္တဝါဖြစ်ပြီး ရုပ်ကြမ်းကြီးဖြစ်နေတဲ့မိကျောင်းတွေလည်းပါဝင်ပါတယ်။ မိကျောင်းတွေဟာ မကြာခဏမျက်ရည်ကျတတ်ကြတဲ့အပြင် အစာစားနေချိန်နှင့် အနားယူချိန်လိုမျိုးမှာတောင် မျက်ရည်ကျတတ်ကြတာဖြစ်ပါတယ်။


ဒါပေမဲ့ ဒီမိကျောင်းတွေရဲ့မျက်ရည်ကတော့ ခံစားချက်ကြောင့်ကျတာသိပ်မရှိဘဲ သူတို့ရဲ့ သဘာဝလုပ်ငန်းစဥ်တစ်ခုအနေနှင့်ကျတာဖြစ်ပါတယ်။ ဒီမျက်ရည်ထဲမှာ ရေဓာတ်တွေအပြင် အဆီဓာတ်နှင့် အချွဲဓာတ်တွေပါ ပါဝင်တဲ့အတွက် မိကျောင်းရဲ့မျက်လုံးတွေကို နေဒဏ်မိုးဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။


ဒါ့ကြောင့် မျက်ရည်ကျခြင်းဟာ မိကျောင်းတွေအတွက် ကျန်းမာရေးလုပ်ငန်းစဥ် တစ်ခုလိုဖြစ်နေတာဖြစ်ပါတယ်။ အနောက်တိုင်းတွေကတော့ အားနေမျက်ရည်ကျနေတဲ့မိကျောင်းရဲ့မျက်ရည်တွေကို အတုအယောင်မျက်ရည်တွေအဖြစ်တင်စားပြောလေ့ရှိပါတယ်။


သတင်း အရင်းအမြစ်៖


#သဘာဝ
#ခံစားချက်
#မိကျောင်း
#သတ္တဝါ
#မျက်ရည်

Some text some message..