
ရေထဲမှာ ကျွမ်းကျင်စွာကူးခတ်နိုင်ကြတဲ့ ဘဲတွေဟာ ရေနစ်တတ်တယ်ဆိုတာ သိပြီးပြီလား..။ ဟုတ်ပါတယ်.. ရေဘုရင်လို့တောင် ခေါ်ဆိုကြတဲ့ ဘဲတွေဟာ ရေထဲမှာ ကောင်းစွာကူးခတ်နိုင်စွမ်းရှိပေမယ့် မတော်တဆကြောင့် တစ်ခါတစ်ရံ ရေနစ်တတ်ကြပါတယ်။ ရေနစ်တတ်ကြတာဟာ ဘဲတွေအတွက် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရေနစ်ကြတာ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးတွေမှာ ရေနစ်တတ်ကြလဲဆိုရင် သူတို့ ရေထဲမှာ ကူးခတ်နေရင်း ထိခိုက်ဒဏ်ရာရသွားတဲ့အချိန် ဒါမှမဟုတ် ရေအောက်မှာ ပိတ်မိတဲ့အချိန်တွေမှာ အခြားတိရစ္ဆာန်တွေလိုပဲ ရေနစ်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး... အရွယ်မရောက်သေးတဲ့သူနှင့် အတွေ့အကြုံမရှိသေးတဲ့ ဘဲများဟာ ကျွမ်းကျင်စွာ ရေကူးမကူးသေးဘူးဆိုရင်လည်း ရေနစ်နိုင်ခြေက ပိုများပါတယ်။ ဘဲတွေရေနစ်ဖြစ်ရပ်ဟ တောရိုင်းဘဲတွေထက် အိမ်မွေးဘဲတွေမှာ ပိုအဖြစ်များတတ်ပါတယ်။