ဖျံမျိုးစိတ်ဖြစ်ပေမဲ့ တစ်ခြားဖျံတွေနှင့်မတူတဲ့ Sea Otters
mmload.com
|
2023-07-27

ဖျံမျိုးစိတ်ဖြစ်တဲ့ ဒီပင်လယ်ဖျံတွေဟာ တစ်ခြားမျိုးစိတ်တွေနှင့်မတူညီတဲ့ထူးခြားချက်တွေအများကြီးပိုင်ဆိုင်ထားကြပါတယ်။ ဒီဖျံတွေဟာ ရေမှာပျော်တဲ့အကောင်လေးတွေဖြစ်ပေမဲ့ အမွှေးအထူဆုံးတိရိစ္ဆာန်လည်းဖြစ်ပါတယ်။ 


ဒီဖျံလေးတွေရဲ့ (၉၀) ရာခိုင်နှုန်းဟာ အလက်စကာက ရေကန်တွေမှာနေထိုင်ကြတာဖြစ်ပါတယ်။ သူတို့ဟာ အမေရိကနှင့် နိုင်ငံတကာဥပဒေတွေနှင့် ကာကွယ်ပေးခြင်းခံရတဲ့ဖျံမျိုးစိတ်လည်းဖြစ်ပါတယ်။ ရေထဲမှာနေတဲ့ရေနေသတ္တဝါအသေးလေးတွေအပြင် အရွက်အသီးစတာတွေအစုံစားတတ်ကြတဲ့ ဒီဖျံတွေဟာ သူတို့ခန္တကိုယ်ရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိတဲ့ အစာကိုနေ့တိုင်းစားကြတာဖြစ်ပါတယ်။



အစာရှာဖို့အတွက်ဆိုရင် ရေအောက်ကိုအနက်ပေ (၂၅၀) လောက်အထိငုပ်နိုင်တဲ့အပြင် ရေထဲမှာ အသက်အောင့်နိုင်စွမ်းကလည်း အမြင့်ဆုံးတိရိစ္ဆာန်ဖြစ်ပါတယ်။ သူတို့ဟာ တစ်ခြားဖျံတွေလိုမျိုးသားပေါက်ချိန်သီးသန့်မရှိဘဲ နှစ်တစ်နှစ်ရဲ့ဘယ်အချိန်မှာမဆို သားပေါက်နိုင်စွမ်းရှိကြပါတယ်။ 


ဒီဖျံလေးတွေဟာ သဘာဝဂေဟစနစ်မှာအရေးကြီးတဲ့နေရာကနေပါဝင်နေကြတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။ သူတို့ဟာကမ်းခြေတစ်လျှောက်ရေနေသတ္တဝါအရေအတွက်ကိုထိန်းညှိပေးပြီး ဂေဟစနစ်ညီမျှအောင်လုပ်ဆောင်ပေးကြပါတယ်။ ပြီးတော့ ဒီဖျံတွေဟာချစ်စရာကောင်းတဲ့ပုံပေါ်ပေမဲ့ ချွန်ထက်တဲ့သွားတွေနှင့် ရန်သူကိုတိုက်ခိုက်တတ်တာကြောင့် အန္တာရာယ်များတဲ့အကောင်လေးတွေလည်းဖြစ်ပါတယ်။ 



#သတ္တဝါ
#ဂေဟစနစ်
#ပင်လယ်ဖျံ
#အလက်စကာ
#SeaOtters

Some text some message..