Tawi-Tawi crocodile 2017 ခုနှစ် စက်တင်ဘာလ 9 ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ကျွန်းခရိုင် Tawi- Tawi တွင် တံငါသည်များက 5.15 မီတာ (16 ပေ 11 လက်မ) ရေငန်မိကျောင်းကို ဖမ်းမိခဲ့သည်။ ဧရာမမိကျောင်းသည် အလွန်ရန်လိုသောကြောင့် တံငါသည်များနှင့် တာဝန်ရှိသူများက စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည်။ စစ်ဆင်ရေးအတွင်း လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ငါးဖမ်းပိုက်အများအပြား ပျက်စီးခဲ့သည်။ မိကျောင်းသတ်ခြင်းသည် ဖိလစ်ပိုင်တွင် ဒဏ်ငွေ ပီဆို ၁၀၀၀၀၀ (ဒေါ်လာ ၂၀၀၀ ဝန်းကျင်) နှင့် ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်နိုင်သည့် ရာဇ၀တ်မှုဖြစ်သည်။ ယခုအခါ ၎င်းမိကျောင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်း၏ စောင့်ရှောက်မှုအောက်တွင်ရှိနေသည်။
Jaws IIIသားမွေးပညာရှင် Romulus Whitaker နှင့် ၎င်း၏ဇနီး Zai Whitaker တို့က 1976 ခုနှစ်တွင် စတင်ခဲ့မွေးခဲ့ခြင်းဖြစ်သည်။ Jaws III သည် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်၊ ချန်နိုင်မြို့ တိရစ္ဆာန်ရုံနှင့် သားမွေးတိရစ္ဆာန်သုတေသနဌာန တွင် နေထိုင်သည့် ဧရာမရေငန်မိကျောင်းဖြစ်သည်။ 17 ပေ (5.2 မီတာ ) ရှိသော Jaws သည်အရွယ်ရောက်လာသည်နှင့် သာမန်မိကျောင်းမဟုတ်ဘဲပြောင်ပြောင်တင်း တင်း အချိုးအစားရှိသော ဧရာမအကောင်ကြီးဖြစ်ကြောင်း ထင်ရှားလာသည်။ ပုံမှန်မဟုတ် ပြင်းထန်ကြမ်းတမ်းသော စိတ်နေစိတ်ထားနှင့် ပျက်စီးစေသော ခွန်အားကြောင့် အခြားအကောင်များနှင့် ခွဲခြား၍ သီးသန့်ထားရသည်။
GomekGomek သည် ပါပူဝါနယူးဂီနီတွင် George Craig ဖမ်းမိသော ရေငန်မိကျောင်းကြီးဖြစ်သည်။ ၎င်းကို Terri နှင့် Arthur Jones တို့က 1985 ခုနှစ်တွင် ဝယ်ယူခဲ့ပြီး Florida ရှိ St. Augustine Alligator Farm တိရစ္ဆာန်ဥယျာဉ်သို့ မရောင်းချမီ ငါးနှစ်ကြာ ဖလော်ရီဒါပြည်နယ် Ocala တွင် ထိန်းသိမ်းခံခဲ့ရသည်။ Alligator နှင့် နိုင်ငံတစ်ဝှမ်းရှိ လူများ၏ အချစ်တော်ဖြစ်သည်။ Gomek သည် အလွန်ယဉ်သော မိကျောင်းဖြစ်ပြီး ၁၉၉၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည် ။ သေဆုံးချိန်မှာတော့ 5.42 မီတာ (17.8 ပေ) ရှည်လျားပြီး ကိုယ်အလေးချိန် 860 ကီလိုဂရမ် (1896 ပေါင်) ရှိသည်ဟု St. Augustine Alligator Farm မှ အတည်ပြုခဲ့သည်။ ၎င်းအသက်သည် 60 မှ 80 ကြား ဖြစ်သည်။

သတင်း အရင်းအမြစ်៖