
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ညသန်းခေါင်ရံအချိန်တွေမှာဆို ခွေးဟောင်သံတွေကို မကြာခဏကြားရပါတယ်။ ဒီလိုခွေးဟောင်ခြင်းကို အချို့က မမြင်အပ်တဲ့ ပရလောကသားတွေ တွေ့လို့ ဟောင်ကြတာလို့ ပြောဆိုကြတာတွေ ရှိပါတယ်။ တကယ်တော့ဟောင်ခြင်းဟာ လူနှင့် အခြားသော ခွေးများနှင့် ဆက်သွယ်တဲ့ ခွေးရဲ့ နည်းလမ်းဖြစ်ပါတယ်။

ခွေးတွေမှာလူသားများနှင့် လုံးဝမတူတဲ့ ကိုယ်ပိုင်ဘာသာစကားရှိကြပါတယ်။ ဟောင်ခြင်းအပြင် အူသံနှင့်ဟစ်အော်ခြင်း စတဲ့အပြုအမူတွေဟာ ခွေးရဲ့ သဘာဝဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အခြားခွေးများသာမက လူသားများနှင့်ပါပြောဆိုဆက်ဆံဖို့ကိုလည်း ဟောင်ကြပါတယ်။

ဘယ်အချိန်မှာ လူသားတွေကို ပြောဆိုဆက်ဆံသလဲဆိုရင်သူတို့အတွက် အစာတောင်းတာပဲဖြစ်ဖြစ် လူငယ်တွေကို ဆုံးမတာ ၊ နှိုက်နှိုက်ချွတ်ချွတ် ဆော့ကစားတာ(သို့မဟုတ်) သူစိမ်းတွေကို ရိုးရိုးသိချင်စိတ်ကြောင့်သာ ဟောင့်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ခွေးတွေရဲ့ ဟောင်ခြင်းဟာ လူနှင့် အခြားသော ခွေးများကို ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
Source - cvillecatcare