
(1) သမင်
ဆောင်းရာသီက သမင်တွေအတွက် အတော်လေးခက်ခဲတဲ့ရာသီဉတုပါ။ အထူးသဖြင့် ဆောင်းရာသီမှာမွေးဖွားတဲ့ သမင်ငယ်လေးတွေက ရှင်သန်ဖို့အတွက်အတော်လေးခက်ခဲပါတယ်။ နွေးထွေးမှုကိုလိုအပ်တဲ့ သမင်တွေအတွက် ဇီဝဖြစ်စဉ်မွေးဖွားခြင်းက သတ်မှတ်ထားလို့ရတဲ့အရာတော့ မဟုတ်ပါဘူး။ နို့တိုက်သတ္တဝါအများစုကတော့ အစာရေစာပေါများပြီး ပူနွေးတဲ့နွေရာသီမှာ မွေးဖွားကြတာများပါတယ်။

(2) Garter မြွေ
နွေဉီးရာသီမှာ မျိုးပွားဖို့အတွက် Garter မြွေတွေထွက်ပေါ် လာကြပါတယ်။ အေးနေတဲ့အချိန်တွေမှာ တွင်းအောင်းနေတတ်ကြပြီး နေအလင်းရောင် ထွက်ပေါ်လာမယ့်အချိန်ကို စောင့်ဆိုင်းတတ်ကြပါတယ်။လေအပူချိန် 20-28°C (68-82°F) သို့ တဖြည်းဖြည်း ပူလာသောအခါ မြွေပွေးများ နိုးထလာပြီး မျိုးပွားခြင်းလုပ်ငန်းစဉ်ကို စတင်ကြပါတယ်။

(3) ဖား
မိုးရာသီနဲ့အတူ လူသိများထင်ရှားတဲ့ တိရိစ္ဆာန်ပဲဖြစ်ပါတယ်။ မိုးခေါ််တဲ့ဖားတွေက မိုးကုန်တာနဲ့ တွေ့ရနည်းပြီး မရှိသလောက် ဖြစ်သွားတာကို အားလုံးသတိထားမိလောက်မှာပါ။ ဖားတွေက မိုးထစ်ချုန်းရွာမယ့်အချိန်တွေကို မြေအောက်ကနေ စိတ်ရှည်လက်ရှည်စောင့်ကြပါတယ်။ မုတ်သုံရာသီနဲ့အတူ ဖားလောင်းဘဝကိုဖြတ်သန်းရတဲ့အတွက် အစာနဲ့ရေ ရရှိဖို့ လွယ်ကူတဲ့ တိရိစ္ဆာန်ပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖