(1) Mustang16 ရာစုတွင် စပိန်မှအမေရိကကို ပြောင်းလဲယူဆောင်ခဲ့တဲ့မျိုးစိတ်ဖြစ်ပါတယ်။ မြင်းရိုင်းလို့သတ်မှတ်ကြပေမယ့် တစ်ချိန်ကအိမ်မွေးတိရိစ္ဆာန်ဖြစ်ခဲ့ဖူးပါတယ်။ ပုံမှန် Mustang တစ်ကောင်က တစ်နာ (25) မိုင်ကနေ မိုင်(30) အထိ အမြန်နှုန်းရှိပါတယ်။ ပေါင် 800 အလေးချိန်ရှိပြီးတော့ အမေရိကမြင်းအပြေးပြိုင်ပွဲတွေမှာ ထူးချွန်ကြပြီး အဆင့်ခုနစ်ရှိပါတယ်။
(2) Standardbredခိုင်မာတောင့်တင်းတဲ့ကြွက်သားများနဲ့ ပုခုံးတွေက Standardbred မြင်းတွေရဲ့ အင်အားပဲဖြစ်ပါတယ်။ ခွန်အားကောင်းလွန်းတဲ့ Standardbred တွေက ခုန်ပေါက်ခြင်း၊ ဆွဲခြင်းနှင့် အပြေးပြိုင်ခြင်းတွေမှာ သူမတူထူးချွန်ကြပါတယ်။ အလုပ်လုပ်ရာတွင်လွယ်ကူမြန်ဆန်ကြပြီး လူသားတွေနဲ့ အတော်လေး လိုက်လျောညီထွေရှိတဲ့ မြင်းမျိုးစိတ်ပဲဖြစ်ပါတယ်။
(3) Appaloosaပစိဖိတ်အနောက်မြောက်ပိုင်းမှ Nez Perce လူမျိုးတွေ စတင်မွေးမြူခဲ့တဲ့ မြင်းတွေဖြစ်ပါတယ်။ ကျားသစ်နဲ့တူတဲ့ အစက်အပြောက်တွေက Appaloosa မြင်းတွေရဲ့ ထူးခြားချက်တစ်ခုပါ။ မြေခွေးတွေကို အမဲလိုက်ဖို့နဲ့ ပွဲအခမ်းအနားတွေမှာ အသုံးပြုကြပါတယ်။

သတင်း အရင်းအမြစ်៖