
1) Maine Coon
အကြီးဆုံး အိမ်မွေးကြောင်ဖြစ်ပြီး ပေါင် 20ထိအလေးချိန်ရှိသည်။ အရှည်အားဖြင့် လက်မ 40 ထိရှည်လျားပြီး ပျော့ပျောင်းနူးညံ့သော အမွေးများက Maine Coon ကြောင်၏ အလှအပဖြစ်သည်။ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားခံရပြီး ခေါင်းမှ အမြီးထိ 3 ပေ 11.5 လက်မဖြင့် စံချိန်တင်ထားသည်။

2) Norwegian Forest
သန်မာသောကြွက်သားနှင့် ပုံသဏ္ဍာန်ရှိပြီး ၎င်းအမွေးများထူထဲမှုက ကြီးမားသော ကိုယ်ထည်ကို ပိုကြွစေသည်။ အလေးချိန် 22 ပေါင်ရှိပြီး နော်ဝေနိုင်ငံ၏ ဒဏ္ဍာရီထဲမှ သစ်တောကြောင် အမျိုးအစားဖြစ်သည်။၎င်းတို့သည် အမှန်တစ်ကယ်ပင် ရှားပါးမျိုးစိတ်ဖြစ်ကြသည်။

3) Chausie
တောနက်ကြောင်မှ အိမ်မွေးကြောင်အဖြစ်သို့ ကူးပြောင်းလာသော အမျိုးအစားဖြစ်သည်။အလေးချိန် ၂၅ ပေါင်ခန့်ရှိပြီး ရှည်လျားသောခြေထောက်များနှင့်သွယ်လျသော ခြေထောက်များရှိသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ် ဘ၀ပုံစံကိုနှစ်သက်ကြပြီး အပြောင်းအလဲ သိပ်မကြိုက်သော အမျိုးအစားဖြစ်သည်။

သတင်း အရင်းအမြစ်៖