ဇီးကွက်များရဲ့ အိပ်စက်ခြင်း
mmload.com
|
2023-10-25

အမဲလိုက် အစာရှာဖို့အတွက် ညဘက်တွေမှာ အိပ်စက်ခြင်းမပြုတဲ့ အကောင်တွေထဲမှာ ဇီးကွက်ကတော့လူသိများထင်ရှားပါတယ်။ ငှက်အများစုကတော့ ၎င်းတို့အိပ်စက်တဲ့အခါ ခေါင်းကို ကျောပေါ်တွင် ထားပြီး နှုတ်သီးကို  ၎င်းတို့၏ နောက်ကျောဘက်သို့ မျက်နှာမူပြီး အိပ်စက်ကြပါတယ်။ ဒါပေမယ့် ဇီးကွက်တွေကတော့ မျက်လုံးအစုံကိုမှိတ်ထားလိုက်ရုံနဲ့ သစ်ပင်သစ်ကိုင်းတွေမှာ မြဲမြံစွာကုပ်တွယ်ရင်းအိပ်စက်နိုင်ကြတာပဲဖြစ်ပါတယ်။ 


နှင်းဇီးကွက်နဲ့ အချို့ဇီးကွက်မျိုးစိတ်တွေက မြေပြင်မှာတွင်းတူးအိပ်စက်ခြင်းကိုပြုကြပါတယ်။ ထိုင်လျက်အိပ်စက်နိုင်တဲ့ ဇီးကွက်တွေက တစ်ခါတစ်ရံမှာ ဝမ်းလျားမှောက်အိပ်စက်တာတွေလဲရှိကြပါတယ်။ သစ်ပင်အခေါင်းပေါက်တွေနဲ့ နေရာအနှံ့အပြားမှာ အိပ်စက်တတ်ကြပါတယ်။ 


ဇီးကွက်တွေက ၎င်းတို့ အစာစားခြင်းနှင့် မိတ်လိုက်ခြင်းလုပ်ငန်းများအတွက် စွမ်းအင်ကို ထိန်းသိမ်းရန်အိပ်ချိန် 12 နာရီလိုအပ်ပါတယ်။  ဇီးကွက်များရဲ့ထူးခြားချက်ကတော့ 11 စက္ကန့်အတွင်းမှာပဲ အိပ်မောကျနိုင်တာပဲ ဖြစ်ပါတယ်။ ဇီးကွက်အများစုက မျိုးပွားရာသီအတွင်းမှာ တစ်ယောက်တည်း အိပ်စက်ကြပေ မယ့် ၎င်းတို့အသိုက်အနီးမှာတော့ အချို့မျိုးစိတ်များ စုပေါင်းအိပ်စက်ခြင်းနှင့်  အနားယူသည့်နေရာ မျှဝေခြင်းတွေကိုလဲ ပြုလုပ်ကြပါတယ်။ ဥပမာအနေနဲ့  နားရွက်ရှည် ဇီးကွက်တွေက  နှစ်ကောင်ကနေ  အကောင် နှစ်ဆယ်ထိအုပ်စုဖွဲ့ အနားယူကြပါတယ်။ 


အစာရှာရခက်တဲ့ အချိန်ကာလမျိုးတွေမှာတော့ အစာရရှိနိုင်ပေါ်် မူတည်ပြီး ‌နေ့နဲ့ည အမဲလိုက်ခြင်းကို ပြောင်းလဲတာတွေလဲရှိပါတယ်။ ၎င်းတို့ရဲ့ အဓိက အစားအစာ အရင်းအမြစ်တွေကတေ့ အိမ်မြှောင်များ၊ ဖားများ၊ မြွေများ၊ ငါးများ၊ ယုန်များ၊ ငှက်များ၊ ကြွက်များနှင့် ရှဥ့်များပဲဖြစ်ပါတယ်။ 


သတင်း အရင်းအမြစ်៖


#အစားအစာ
#မျက်လုံး
#သစ်ပင်
#ဇီးကွက်
#စွမ်းအင်

Some text some message..