မျိုးပွားပြီး ကိုယ့်ကိုကိုယ်သက်သေကြတဲ့ ရေဘဝဲ
mmload.com
|
2023-11-17

ရေဘဝဲတွေကတော့ သူတို့မျိုးပွားပြီးရင် သေဆုံးတက်ကြတဲ့ ဖြစ်စဥ်ကထိန့်လန့်ဖွယ်ကောင်းလှပါတယ်။ရေဘဝဲ မျိုးစိတ် အများစုမှာ မိခင်ဟာ ဥဥခါနီးမှာအစာရှာဖွေ စားသောက်မှု မပြုလုပ်တော့ပါဘူး။ရေဘဝဲအမဟာ ဥဥ အပြီးမှာတော့ အလွန်ခက်ထန်ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတတ်ကြပါတယ်။


ရေဘဝဲမိခင်တွေက သူတို့ကိုယ်သူတို့ကျောက်တုံးများနဲ့ရိုက်ခတ်ပြီး အနာတရဖစ်အောင်လုပ်တာ၊ကိုယ့်ကိုကိုယ် အရေပြားကိုက်ဖြတ်ပြီးဒဏ်ရာအပြင်းအထန်ရအောင်လုပ်တာအပြင်အချို့ ဖြစ်စဉ်တွေမှာ သူ့ရဲ့ ခြေလက်တွေကို ပြန်လည် ကိုက်ဖြတ် စားသုံး ပစ်တာ အထိကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ အသက် ဆုံးရှုံးအောင် ပြုလုပ် တက်ကြပါတယ်။


ပညာရှင် အချို့က ဒီလိုကြမ်းတမ်းတဲ့ အပြုအမူဟာ ရေဘဝဲဥတွေကိုစားသုံးမယ့် အခြားသတ္တဝါတွေကို အာရုံ ပြောင်းစေတဲ့ လှည့်စားမှု တရပ်လို့ယူဆကြပါတယ်။ အချို့ကလဲ သေဆုံးသွားတဲ့ ရေဘဝဲမိခင်ရဲ့ ကိုယ်ခန္ဓာကနေ ရေဘဝဲသားလောင်းတွေ အတွက် လိုအပ်တဲ့ အဟာရ တွေ ထုတ်ပေးတယ်လို့ ယူဆ ကြပါတယ်။


#မိခင်
#ကိုယ်ခန္ဓာ
#ရေဘဝဲ
#သတ္တဝါ
#အရေပြား

Some text some message..