
တိုက်ခိုက်မှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ငါးမန်းတွေက အမှောင်ထုထဲမှာတောင် ကောင်းစွာမြင်နိုင်တဲ့ အမြင်အာရုံကို ပိုင်ဆိုင်ထားပါတယ်။ ၎င်းတို့မျက်လုံးတွေရဲ့ နောက်ဘက်မှာ “Tapetum” လို့ခေါ်တဲ့ ရောင်ပြန်လွှာပါရှိတာကြောင့် အလင်းရောင် ဘယ်လောက်နည်းနေပါစေ ငါးမန်းတွေအတွက် အခက်အခဲမရှိပါဘူး။

ငါးမန်းတွေရဲ့ အရေပြားက သဲစက္ကူတွေလို ရှတတခံစားမှုမျိုး ရရှိစေပါတယ်။ သေးငယ်တဲ့ အကြေးခွံပေါင်းများစွာ ဖုံးအုပ်ထားပြီး ရေကူးခတ်သည့်အခါတိုင်း ဘေးပတ်ဝန်းကျင် တစ်လျှောက် ရေပွတ်တိုက်မှုကို လျှော့ချနိုင်ပါတယ်။ သြစတျေးလျနဲ့ အမေရိကမှာ တွေ့ရတဲ့ ရုပ်ကြွင်းတွေကို လေ့လာချက်အရ ငါးမန်းတွေက လွန်ခဲ့တဲ့နှစ် 445 သန်းလောက်ထဲက စတင်ဖြစ်ပေါ်လာခဲ့တာပါ။

ငါးမန်းတွေက သမုဒ္ဒရာထဲမှာ အကြီးဆုံးဖြစ်ပြီး 12 ဒသမ 2 မီတာထိ ကြီးထွားနိုင်ကာ တန်ချိန် 40 ထိရှိကြပါတယ်။ Basking sharks တွေဟာ ကမ္ဘာ့ဒုတိယအကြီးဆုံးငါးဖြစ်ပြီး အရှည် 32 ပေနဲ့ အလေးချိန် ငါးတန်ကျော်ရှိတဲ့ အင်အားကြီး ရေသတ္တဝါပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖