ဆားငန်ရေ သောက်သုံးနိုင်တဲ့ သတ္တဝါ
mmload.com
|
2023-11-23

ဌက်နဲ့ဆင်တူတဲ့ ပင်ဂွင်းတွေမှာ သွားတွေမပါရှိဘူးဆိုတာကို သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၎င်းတို့ရဲ့ နှုတ်သီးအတွင်းမှာ ကျောရိုးလေးတွေရှိပြီး သွားအစားထိုး အသုံးပြုနိုင်ပါတယ်။ အဆိုပါလျှာကျောရိုးတွေက သားကောင်ကို ဖမ်းဆုပ်ထားပြီး မြိုချသည်ထိ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ 


ပင်လယ်ဆားငန်ရေကို သောက်သုံးနိုင်တဲ့ သတ္တဝါတွေဖြစ်ပြီး supraorbital glandလို့ခေါ်တဲ့ ဂလင်းတစ်မျိုးက သွေးအတွင်းက ဆားတွေကို ဖယ်ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။ ၎င်းဆားတွေကို ပင်ဂွင်းတွေရဲ့ နှာခေါင်းပေါက်မှ တစ်ဆင့် ပြန်လည် စွန့်ထုတ်နိုင်ပါတယ်။ 


အီတလီသုတေသန အဖွဲ့က ပင်ဂွင်းတွေနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိချက် အသစ်ကို သတိထားမိခဲ့ကြပါတယ်။ အဲ့တာကတော့ ၎င်းတို့ပြောဆို ဆက်သွယ်တဲ့ ဘာသာစကားပါ။ လူသားအပြင် မျောက်မျိုးစိတ်တွေမှာ သာတွေ့ရတဲ့ စကားပြောပုံ စရိုက်လက္ခဏာတွေက တတိယမြောက်အနေနဲ့ ပင်ဂွင်းတွေမှာ တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ လူသားနဲ့ဆင်တူတဲ့ သတ္တဝါပေါင်းများစွာရှိနေကြာင်းကို မီးမောင်းထိုးပြလိုက်တာပါပဲ။ 


ပင်ဂွင်းတွေမှာ လက်မောင်းနဲ့တူတဲ့ အတောင်ပါပေမယ့် ပျံသန်းခြင်းကို မပြုပါ။ ၎င်းအစား ရေကူးခတ်ရာမှာသာ အသုံးပြုကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း 65 သန်းခန့်က လေမှာ ပျံဝဲခဲ့ကြဟန်ရှိပြီး ထိုမှတစ်ဆင့် ရေထဲပင်လယ်ဆီသို့‌ ပြောင်း‌ရွှေ့ ရှင်သန်လာကြသည်ဟု ယူဆကြပါတယ်။ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်နေတဲ့ လူနဲ့တိရိစ္ဆာန်တွေဟာ နောင်နှစ်ပေါင်း သန်းနဲ့ချီပြီးနောက်မှာလဲ ဘယ်လို ပြောင်းလဲမှု မျိုးတွေ ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။


သတင်း အရင်းအမြစ်៖


#လက္ခဏာ
#စရိုက်
#နှာခေါင်း
#ပင်ဂွင်း
#သတ္တဝါ

Some text some message..