ပင်လယ်မြင်းများ (သို့ ) Pygmy Seahorses
mmload.com
|
2023-11-23

Pygmy seahorses လို့ သိပ္ပံအမည်ရှိတဲ့ ပင်လယ်မြင်းတွေက အာရှအပူပိုင်း သန္တာကျောက်တန်းတွေကြားမှာ ရှင်သန်နေထိုင်ကြပါတယ်။ မျိုးစိတ်ပေါင်း ရှစ်ခုထိရှိကြပြီး ပင်လယ်မြင်းတစ်ကောင်၏ အရွယ်အစားမှာ နှာတံမှ အမြီးဖျားအထိ အရှည် 1.4 မှ 2.7 စင်တီမီတာရှိပါတယ်။ 


1970 ခုနှစ်က စတင်ကာ အဆိုပါ ပင်လယ်မြင်းများကို တွေ့ရှိလေ့လာခဲ့ ကြတာဖြစ်ပါတယ်။ မြန်မာလူမျိုးများ အလွယ်တကူခေါ်သော ရေနဂါး (သို့) ပင်လယ်မြင်းတွေက  အလွန်သေးငယ်တဲ့ အရွယ်အစားရှိပါတယ်။ ၎င်းတို့ ဉီးခေါင်းအနောက်ဘက်မှာ ပါးဟပ်တစ်ခုပါရှိပြီး ခန္ဓာကိုယ် အနှံ့အပြားမှာ ရေအိတ်ကဲ့သို့ အဖုအလုံးများစွာပါရှိပါတယ်။ 


Pygmy ပင်လယ်မြင်း အထီးတွေရဲ့ ဝမ်းဗိုက်ခြေရင်းမှာ သေးငယ်သော အပေါက်များပါရှိပြီး အမများ မျိုးအောင်ပြီးနောက် ဉများကို အထီးများထံ လွှဲပြောင်း တာဝန်ယူစေပါတယ်။ ထိုသို့လွှဲပြောင်းပြီး 11-14 ရက်ကြားမှာပဲ မွေးဖွားကြပါတယ်။ သဘာဝတရားနဲ့အတူ နူးညံ့သိမ်မွေ့စွာ နေထိုင်ကြတဲ့ အဆိုပါ ပင်လယ်မြင်းတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခြင်းကို ကန့်ကွက်ထားပါတယ်။ 


အကြောင်းအရင်းကတော့ အမှန်တစ်ကယ် ကျွမ်းကျင်သော မွေးမြူရေး ပညာရှင် (သို့) ဇီဝဗေဒပညာရှင်တွေကသာ ၎င်းတို့နေထိုင်ပုံကို နားလည်ပြီး သာမန် အလှမွေးမြူရေးသမားများ အိမ်တွင်ထားရှိလျှင် အဆိုပါ ပင်လယ်မြင်းများ သေဆုံးသွားနိုင်တာပဲ ဖြစ်ပါတယ်။ 

oceanrelamimages.com

#သဘာဝ
#အရွယ်အစား
#ပင်လယ်မြင်း
#သန္တာကျောက်တန်း
#Pygmyseahorses

Some text some message..