ဂျပန်မှ ကြောင်ကျွန်း Aoshima
mmload.com
|
2023-11-29

ကြောင်လေးတွေက အိမ်မှာမွေးမြူဖို့အတွက် အသင့်တော်ဆုံး သတ္တဝါလေးတွေပါ။ ပတ်ဝန်းကျင်မှာ ကြောင်လေးတွေကို တစ်ကောင်စ နှစ်ကောင်စ မြင်တွေ့ရတာဟာ သိပ်အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ အချို့ကျွန်းများမှာတော့ ကျွန်းမှာနေထိုင်သူ လူဉီးရေထက် ပိုမိုများပြားတဲ့ ကြောင်လေးတွေ နေထိုင်ကြပါတယ်။


Aoshima ကျွန်းက နေထိုင်သူနည်းပါးတဲ့ တံငါရွာလေး ဖြစ်ပါတယ်။ သဘာဝရှုခင်းတွေကို အရိုင်းဆန်ဆန် ရှုမြင်ခံစားနိုင်ပေမယ့် အဆိုပါနေရာကို လာရောက်လာပတ်သူ မရှိခဲ့ပါ။ တစ်နေ့ပြီးတစ်နေ့ အချိန်တွေကုန်လွန်လာပြီးနောက်မှာ ၎င်းကျွန်းနဲ့ မနီးမဝေးမြို့တွေဆီက ရာဂဏန်းပမာဏရှိတဲ့ ကြောင်လေးတွေ စတင်ရောက်ရှိလာခဲ့ပါတယ်။ 


ကားအန္တရာယ်ကင်းရှင်းတဲ့ လမ်းမတွေမှာ ဖုန်တလူးလူး ဆော့ကစားနေကြတဲ့ အရောင်စုံ ကြောင်လေးတွေက ကျွန်းရဲ့ အေးစက်နေမှုကို တစ်ဖန်ပြန်လည် သက်ဝင်လာ‌စေပါတယ်။ တစ်စတစ်စ သတင်းပျံ့ရင်း အဆိုပါ Aoshima ကျွန်းလေးဟာ ကြောင်ကျွန်းဆိုပြီး အမည်တွင်ကာ လာရောက်လေ့လာ ကြည့်ရှုသူများပြားလာခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း တွင်ကျင်လာတဲ့ ၎င်းကျွန်းလေးမှာ ‌ကြောင်ရုပ်လေးတွေကို အမှတ်တရ ပစ္စည်းအဖြစ် ရောင်းချကြပါတယ်။


တံငါရွာဖြစ်သည့်အလျောက် အဆိုပါကြောင်လေးတွေ အတွက် ငါးခြောက်မျိုးစုံက မကုန်မခမ်းပါ။ ကြောင်လေးတွေအတွက်  Aoshima ကျွန်းလေးက ရတနာ ကျွန်းလေးဖြစ်လို့ နေပါ‌တယ်။ 

alljapantours.com

#သဘာဝ
#ဂျပန်
#အမှတ်တရ
#အန္တရာယ်
#တံငါရွာ

Some text some message..