အချစ်အတွက် စွန့်စားသောဖားထီးများ
mmload.com
|
2023-12-05

Harlequin toad လို့အအမည်ရပြီး လှပတဲ့ဖာမျိုးစိတ်ကိုတော့‌မြောက်ဘက်Costa Rica မှ တောင်ဘက် Boliviaအကြားရှိနိုင်ငံ ကိုးနိုင်ငံမှာတွေ့ရပါတယ်။ မြေနိမ့်ပိုင်း‌ ဒေသရှိ စိုစွတ်သောကျောက်ဆောင်များ၊ မြစ်များ တစ်လျှောက်တွင်တွေ့ရများပြီး များသောအားဖြင့် ကုန်ပေါ်မှာတွေ့ရတတ်ပါတယ်။ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်၊ အနက်ရောင်၊ ခရမ်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး နဲ့လှပနေပြီးတတ်ကြွတဲ့ဖားအမျိုးအစားတွေဖြစ်ကြပါတယ်


Harlequin toad အထီးတွေဟာ အချစ်အတွက်စွန့်စားတတ်ကြရုံမကပဲအချစ်ကို ရှာဖွေရာမှာလဲ အစာမစားဘဲ ခန္ဓာကိုယ် အလေးချိန်များကို အဆုံးရှုံးခံကာကြိုးစားလေ့ရှိကြပါတယ်။ ကုန်းပေါ်မှာအနေများတဲ့ ဒီဖားတွေဟာ မိတ်ဖက်ဖားမရဲ့ အာရုံစိုက်မှုကိုရရှိဖို့အတွက် မြစ်ကမ်းဖက်သို့ဆင်းကာ ကြီးမားသောလှိုင်းလုံးကြီးများကိုပင် ကူးခတ်ပြလေ့ရှိ ကြပါတယ်။ ကုန်နေမျိုးစိတ်ဖြစ်တဲ့ Harlequintoad တွေဟာ မျိုးပွားရာသီမှာတော့ အစိုဓာတ်ရှိတဲ့မြစ်မျာ၊ချောင်များကို အမှီသဟဲပြုကြရပါတယ်


ထူးခြားမှုတွေနဲ့ လှပနေတဲဒီဖားတွေဟာ ဂေဟစနစ်အတွက်အရေပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပြန်ပါတယ်။ Chytridအမည်ရှိကူးစက်ရောဂါတစ်ခုဖြစ်ပွားပြီး ဖားမျိုးများစွာဆုံးရုံးခဲ့ရာမှ ပမာဏ အနည်းငယ်ကျန်ရှိကာနိုင်ငံတကာ အဖွဲ့အစည်းမှထိန်သိမ်းစောင့်ရှောက်ရေး နည်းလမ်းများနဲ့စနစ်တကျ ထိန်းသိမ်းနေရတဲ့သတ္တဝါမျိုးစိတ်တစ်ခုဆိုလည်းမမှားပါဘူး



#ခန္ဓာကိုယ်
#မြစ်ကမ်း
#အညိုရောင်
#အနီရောင်
#အခန်း

Some text some message..