အဆိပ်ပြင်းတဲ့မြွေ များစွာရှိနေတဲ့ မြွေကျွန်း
mmload.com
|
2023-12-06

မြွေကျွန်းလို့လူသိများတဲ့ကျွန်းကြီးကတော့ Brazil နိုင်ငံ၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းကြီးဟာမြွေများစွာရှိနေသည့်အပြင်အမည်နှင့်လိုက်အောင်ပင်ပုံသဏ္ဍာန်မှာလည်းမြွေတစ်ကောင် နဲ့တူနေပါတယ်။  သေးငယ်သောကျွန်းတစ်ကျွန်းဖြစ်ပြီးမျှတသောရာသီဥတုကိုပိုင်ဆိုင်ထားကာအဆိပ်ပြင်းသောမြွေများစွာရှိနေပါတယ်


မြွေကျွန်းသို့ အကြိမ် ၂၀ ကျော်လာရောက်လေ့လာဖူးသူဇီဝဗေဒပညာရှင် Marcelo Duarte ၏ပြောဆိုချက်များ အရတစ်စတုရန်းမီတာလျှင်မြွေတစ်ကောင်မှ ငါးကောင်အထိတွေ့ရတတ်ကြောင်းသိရပါတယ်။တောင်အမေရိကတိုက်မှ, အဆိပ်အပြင်းဆုံးစာရင်းဝင်ဖြစ်သည့် IUCN ရဲ့မျိုးသုဉ်းနိုင်မှုအနီရောင်အဆင့်သတ်မှတ် ခံထားရသော Golden Lancehead Snakeများကိုလည်း ဒီမြွေကျွန်းကြီးမှာတွေ့ရပါတယ်


လူသူအရောက်အပေါက်နည်းကာ လျှို့ဝှက်ဆန်းကြယ်မှုများနှင့်ပြည့်နေသောဒီကျွန်းကြီးဟာ ရွေ့ပြောင်းနေထိုင်သောငှက်များအတွက်နားခိုရာနေရာတစ်ခုဖြစ်ပါတယ်။သို့သော် ကျွန်းပေါ်ရှိမြွေများအတွက်တော့ ထိုငှက်တွေက အစာတွေပဲဖြစ်ပါတယ်။ Brazil အစိုးရအဖွဲ့မှသွားရောက်ခွင့်တားမြစ်ထားတဲ့မြွေကျွန်းကြီးဟာ Golden Lancehead Snake များကိုလေ့လာရန်အထူးခွင့်ပြုချက်ရထားသည့် ပညာရှင်များအတွက်တော့ အရေးပါသောဓာတ်ခွဲခန်းကြီးတစ်ခုပဲဖြစ်ပါတယ်



#သမုဒ္ဒရာ
#Brazil
#တောင်အမေရိက
#အဆိပ်
#မြွေကျွန်း

Some text some message..