
သစ်တော်သီးဟာလူအများနှစ်သက်ပြီးဈေးကွက်ဝင်တဲ့အသီးတစ်မျိုပဲဖြစ်ပါတယ်။ ထိုဈေးကွက်ဝင်တဲ့ သစ်တော်သီးကို တွေမြင်နေကျ လုံးဝိုင်သောပုံသဏ္ဍာန်အပြင် အခြာသောပုံသဏ္ဍာန်နဲ့တွေနိုင်ရန်မှာတော့ အတော်ခက်ခဲတဲ့ကိစ္စတစ်ခုပါပဲ ။ သို့ပေမယ့် တရုတ်နိုင်ငံ ရဲ့ဈေးကွက်မှာတော့ ပုံသဏ္ဍာန်ထူးခြားတဲ့သစ်တော်သီးတစ်မျိုးကို တွေ့လာရပါတယ်။ထိုသစ်တော်သီး ရဲ့ပုံစံဟာတရားထိုင်နေဗုဒ္ဓရုပ်ပွားတော်နဲ့တူတာကြောင့်Buddha-shaped pear(ဗုဒ္ဓပုံသစ်တော်သီး) လို့ ခေါ်တွင်ကြပါတယ်

ဗုဒ္ဓပုံသစ်တော်သီးစိုက်ပျိုးဖို့စိတ်ကူးကိုတော့ တရုတ်နိုင်ငံ Hebei ပြည်နယ်မှ Xianzhang Hao မှအကြံရခဲ့ကာသူ၏ခြံအတွင်းမှသစ်သီးများကို စတင်စမ်းသပ်ရာမှကျော်ကြားလာရခြင်းဖြစ်ကြောင်းသိရပါတယ်။Fruit Mould Company မှထုတ်လုပ်သောပုံစံခွက်များကို အသုံးပြုကာအကြိမ်ကြိမ်ကြိုးစားထုတ်လုပ်ခဲ့ရမှ အောင်မြင်မှု ရရှိလာပြီးစျေးကွက်တွင်လူသိများလာခဲ့ပါတယ်

Hao ဟာတရုတ်ရှေးဟောင်းဒဏ္ဍာရီမှ ဗုဒ္ဓပုံသဏ္ဍာန် မှော်ဆန်တဲ့အသီးကြောင်းဖတ်မိရာမှအကြံဉာဏ်ရရှိခဲ့ပြီး စတင်စိုက်ပျိုးခဲ့တယ်လို့ဆိုပါတယ်။ဗုဒ္ဓပုံသစ်တော်သီးဟာကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်စွမ်း ရှိတယ်လို့ယုံကြည်ကြတဲ့အတွက် ဝယ်ယူလိုမှုများပြားကာ သစ်တော်သီးတစ်လုံးလျှင် ၉ ဒေါ်လာအထိဈေးကောင်း ရခဲ့ကြောင်းဆိုထားပါတယ်