
ပုတ်သင်ကိုတော့လူအများစုဟာကုန်းပေါ်မှာပဲမြင်ဖူးကြပါတယ်။ Axolotls လို့အမည်ရတဲ့ပုတ်သင်တွေဟာမြောက်အမေရိကမှာများစွာတွေ့ခဲ့ရတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။ အခြားပုတ်သင်များနဲ့မတူပဲ ရေနေပုတ်သင် အမျိုးအစားတွေပဲဖြစ်ကာ မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိရေတိမ်ပိုင်း ဒေသများ၊ Lake Xochimilco and LakeChalcoမှာလည်းတွေ့ရပါတယ်

ခြေလက်အင်္ဂါအပြည့်အစုံပါတဲ့ Axolotls တွေဟာဘဝစက်ဝန်းတစ်ခုလုံး ရေမှာကုန်ဆုံးစေကာ ဖားတစ်ကောင်ရဲ့ မျက်နှာနဲ့ အနည်းင်ဆင်ပါတယ်။ရေနေသတ္တဝါတွေဖြစ်သည်နဲ့အညီ အသက်ရှူရန် ပါးဟပ်တွေကို ပိုင်ဆိုင်ထားပြီး အရေပြားမှတစ်ဆင့်လည်းအသက်ရှူနိုင်သည်မှာဒီသတ္တဝါတွေရဲ့ထူးခြားမှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ သဘာဝမှာ ၁၀နှစ် မှ ၁၅နှစ်အထိအသက်ရှင်နိုင်ကာ ၁နှစ်ခန့်မှာမျိုးပွားခြင်းစတင်ဆောင်ရွက်နိုင်ပါတယ်။

ကိုယ်လက်အင်္ဂါများနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးသွားပါက အသစ်ပြန်လည် ဖြစ်ပေါ် နိုင်သည်မှာ ထူးခြားပါတယ်။ နောက်ထူးခြားမှုမှာတော့ အရောင်ခြယ်ဗီဇလေးမျိုးကိုပိုင်ဆိုင်ထားပြီး အရွယ်ရောက်ချိန်မှာ သီးခြားအရောင်တစ်မျိုးပြောင်းလဲနိုင်ကြပါတယ်။ထူးခြားပြီးချစ်စရာ ကောင်း တဲ့ ဒီသတ္တဝါလေးတွေဟာတော့ IUCN ရဲ့မျိုးသုဉ်းနိုင်ဖို့ အလားရှိနေတဲ့ မျိုးစိတ်စာရင်းဝင် သတ္တဝါ လေးတွေပဲဖြစ်ပါတယ်