ခရမ်းရောင်ပန်းခင်းကြီးဖြင့်လှပနေသော ချီလီနိုင်ငံမှ သဲကန္တာရကြီး
mmload.com
|
2023-12-11

Atacama လို့အမည်ရတဲ့သဲကန္တာရကြီးဟာ ချီလီနိုင်ငံမြောက်ပိုင်း၊ တောင်အမေရိကရဲ့ပစိဖိတ်ကမ်းရိုးတန်းမျာမှာရှိတဲ့ ကန္တာရကုန်းပြင်မြင့်တစ်ခုပဲဖြစ်ပါတယ်။ ဒီသဲကန္တာရကြီးဟာလွန်ခဲ့သောနှစ်ပေါင်းမျာစွာကတည်းကတည်ရှိခဲ့ကာအပူပြင်းဆုံ ကန္တာရများမှ တစ်ခုအပါအဝင်ဖြစ်ကြောင်းပညာရှင်တို့ကခန့်မှန်းထားကြပါတယ်။အပူပြင်းဆုံးဟုဆိုခဲ့ကြသော သဲကန္တာရကြီးဟာလွန်ခဲ့သောနှစ်အနည်းငယ်ခန့်မှစကာ ၅နှစ်မှ၇နှစ်တစ်ကြိမ်လှပသော ကန္တာရတစ်ခု  ပြောင်းလဲမှုများရှိလာခဲ့ပါတယ်


တစ်နှစ်ပတ်လုံးမိုးရေချိန် ၀.၄ မှ ၀.၆ လက်မအထိသာရရှိခဲ့သောဒီသဲကန္တာရကြီးဟာ၅နှစ်မှ ၇နှစ်တစ်ကြိမ် သင့်တင့်သောမိုးရွာသွန်းမှုများရှိကာ လှပသောခရမ်းရောင်၊အနီရောင်ရောင်စုံပန်းများနဲ့ထူးခြားနေပါတယ်။ အခြားသဲကန္တာရများနဲ့မတူဘဲထိုသို့ထူးခြားနေခြင်းကလဲခရီးသွားမျာစွာရဲ့စိတ်ဝင်စားမှုမျာကိုရရှိနေပါတယ်။ ဒီကန္တာရကြီးဟာ ချီလီအစိုးရမှပျက်ဆီးဆုံးရှုံးမှုများကိုကာကွယ်ရန်တာမြစ်ချက်များထုတ်ပြန်ရသည်အထိ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့နေရာတစ်ခုဆိုလည်းမမှားပါဘူး။


ပန်းပွင့်သောနှစ်မျာမှာ Atacama ဟာလှပသော ခရမ်းရောင်ပန်းကော်ဇောကြီးခင်ထားသကဲ့သို့ထူးခြား နေပါတယ်။အချို့သောလေ့လာသူတို့ကထိုကန္တာရတွင်ပန်းမျိုးစိတ်ပေါင်း၂၀၀ပွင့်သည်ဆိုသော်လည်းအချို့ကမူ ဟင်းသီးဟင်းရွက်ပင်အပါအဝင်မျိုးစိတ်ပေါင်း၅၀၀ ကျော်ရှိကြောင်းဆိုကြပါတယ်။ယခင်က ကမ္ဘာ့ အခြောက်သွေ့ဆုံးသောစားရင် Atacama ဟာယခုအချိန်မှာ ၅နှစ်တစ်ကြိမ်သို့ ၇နှစ်တစ်ကြိမ် ငှက်များ၊ အင်းဆက်များ၊ဝတ်ရည်စုပ်သတ္တဝါလေးများနဲ့ခရီးသွားပြည်သူတို့အတွက်သုခဘုံတစ်ခုပဲဖြစ်စေစေတယ်



#အနီရောင်
#သဲကန္တာရ
#ကမ်းရိုးတန်း
#ချီလီနိုင်ငံ
#Atacama

Some text some message..