ဇီးကွက်တွေရဲ့ ဦးခေါင်းဟာဘယ်လောက်ဒီဂရီအထိ လှည့်နိုင်သလဲ?
mmload.com
|
2023-12-14

ငှက်တွေဟာထူးခြားတဲ့လည်တိုင်တွေကိုပိုင်ဆိုင်ထားကြပြီးသာမှန်သတ္တဝါများထက်မကကွေးနိုင်ဆန့်နိုင်ကြပါတယ်။ထိုငှက်များအထဲမှာအခြားငှက်များနဲ့မတူပဲပိုထူးခြားတဲ့ငှက်မျိုးစိတ်ကတော့ဇီးကွက်တွေပဲဖြစ်ကြပါတယ်။ ဇီးကွက်တွေဟာသူတို့ရဲ့ဦးခေါင်းကို ထူးခြားစွာပဲ ၂၇၀ဒီဂရီကျော် ဝက်ဝိုင်းတစ်ခုနီးပါး အထိလှည့်နိုင်ကြောင်း သိရပါတယ်


ဇီးကွက်များရဲ့ ဦးခေါင်းဟာဘယ်သို့လှည့်ခြင်းဖြင့်ညာဘက်သို့ပင် မြင်နိုင်ပါတယ်။ Johns Hopkins မှ သုတေသီ များကတော့ ထိုသို့လှည့်နိုင် ခြင်းဟာဇီးကွက်တွေမှာအရန်သွေးလွှတ်ကြောများ ရှိနေခြင်းကြောင့် သွေးကြော အချို့ပြတ်တောက်သွားသော်လည်း အာဟာရများရရှိနေခြင်းဖြစ်ကြောင်း ပြောထားပါတယ်။ထို့အတူအခြားငှက်မျိုးစိတ်များရဲ့ဦးခေါင်းလှည့်ခြင်းဟာ ဇီးကွက်များနဲ့တူညီသောလက္ခဏာရှိ မရှိကိုသိရှိရန်အတွက်သိန်းငှက်ခန္ဓာဗေဒကို လေ့လာနေသောပညာရှင်များက လေ့လာရန်ကြိုးစားနေကြောင်းဆိုထားပါတယ်


ဇီးကွက်တွေရဲ့ ဦးခေါင်းဟာအခြားငှက်များထက် ပိုလှည့်နိုင်ခြင်းမှာလူတွေအတွက်တော့တွေးတောစရာပဲ ဖြစ်ပါတယ်။ တဂယ်တော့ဇီးကွက်တွေရဲ့မျက်လုံး ရှည်လျှားသောဖန်ပြွန်ပုံသဏ္ဍာန်ရှိကာဦးခေါင်းခွံအရိုး တည်ဆောက်ပုံဖြင့် ထိန်းထားသောကြောင့်ကြီးမားပေမယ့်လှုပ်ရှားလို့တော့မရပါဘူး။ထိုသို့မျက်လုံးများ လှုပ်ရှားမရခြင်းကြောင့်ပဲ သဘာဝနှင့်လိုက်လျောညီစွာ အခြားငှက်များထက်ပိုကာဦးခေါင်းလှည့်နိုင်ခြင်း ဖြစ်ကြောင်းသိရပါတယ်



#သဘာဝ
#ဒီဂရီ
#ဦးခေါင်း
#ဇီးကွက်
#ငှက်မျိုးစိတ်

Some text some message..