
ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ဖားမျိုးစိတ်တွေဖြစ်ပြီးအာဖရိကတိုက်ရဲ့ဒုတိယမြောက်အကြီးဆုံး ဖားမျိုးစိတ်တွေဖြစ်တဲ့ African bullfrog တွေဟာအပူဒဏ်ခံနိုင်ကြပါတယ်။ သဲကန္တာရဒေသတွေနဲ့ ပေ၄၀၀၀ခန့်မြင့်မားတဲ့တောင်တန်းတွေမှာနေထိုင်ကြတဲ့ဖားတွေဖြစ်ပြီး တွေ့ရရှားပါးပါတယ်။African bullfrog တွေဟာအပူပိုင်း ချုံပုတ်တွေ၊ အုံဆိုင်းနေတဲ့ရေချိုစိမ့်မြေတွေ၊စိုက်ပျိုးမြေတွေနဲ့အခြားနေရရာအများအပြားမှာနေထိုင်ကြပါတယ်

African bullfrog တွေရဲ့ မျိုးပွားပုံမှာအသက်အရွယ်ပေါ်မူတည်ပြီးနှစ်မျိုးရှိကြပါတယ်။ငယ်ရွယ်တဲ့ဖားထီး တွေဟာရေတိမ်ပိုင်း သေးငယ်သောရေကန်များမှာစုဝေးပြီးမိတ်ဖက်ရှာဖွေကြပါတယ်။အရွယ်ရောက်သော ဖားထီးတွေမှာတော့ ကျယ်ဝန်းတဲ့လယ်ကွင်းတွေရဲ့အလယ်ဗဟိုမှာစုကာမိတ်ဖက်ကိုရှာဖွေတတ်ကြပါတယ်။မိတ်ဖက်ရှာဖွေရာမှာလည်းပြိုင်ဘက်ဖားတွေကိုဒဏ်ရာရစေ၍သော်လည်ကောင်၊အသက်သေစေနိုင်သည်အထိသော်လည်ကောင်းအချင်းချင်းတိုက်ခိုက်တတ်ကြောင်းသိရပါတယ်

ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြတဲ့ဖားအမျိုးအစားတွေဖြစ်ကာစိုစွတ်သောရာသီဥတုမှာများစွာတက်ကြွလှုပ်ရှားကြပြီးပူပြင်းခြောက်သွေတဲ့ရာသီဥတုမှာမြေအတွင်းသို့နှစ်မြုပ်နေထိုင်နိုင်ကြပါတယ်။ခန္ဓာကိုယ်မှာ အစိုဓာတ်ကိုကောင်းစွာထိန်းထားနိုင်ပြီး ဆီးအိမ်အတွင်း သိုလှောင်ထားတဲ့ရေအချို့ကိုလည်းလိုအပ်သလို အသုံးပြုနိုင်ကြပါတယ်။ ဆောင်ခိုတဲ့ရာသီတွေမှာ ခန္ဓာကိုယ်အလေးချိန်များကျဆင်းသွာသည်တိုင်အချိန်ကြာမြင့်စွာဆောင်းခိုလေ့ရှိတဲ့ဖားတွေဖြစ်ကာ ၎င်းတို့ရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့်တရားမဝင် အိမ်မွေး တိရစ္ဆာန်ကူးသန်းရောင်းဝယ်မှုများမှာ များစွာတွေ့နေရတဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်