မျိုးရင်းတစ်ခုလုံးမှာ တစ်ခုတည်းသောအသက်ရှင်ကျန်နေတဲ့ပန်ဒါနီမျိုးစိတ်
mmload.com
|
2024-01-01

ပန်ဒါလို့ပြောလိုက်တာနဲ့တရုတ်နိုင်ငံရှိချစ်စရာကောင်းတဲ့ အဖြူအနက်ပန်ဒါလေးတွေကိုပဲမျက်စိထဲမြင်ကြမယ်ထင်ပါတယ်။သေးငယ်တဲ့ပန်ဒါနီလေးတွေကိုတော့ မသိသူများသလိုသိရှိသူလည်းအလွန်ရှားပါးပါတယ်။ ဒီသေးငယ်တဲ့ပန်ဒါနီလေးတွေဟာကြီးမားတဲ့ပန်ဒါတွေနဲ့မျိုးရိုးဗီဇမှာ နီးကပ်စွာစပ်စပ်မှုတော့မရှိပါဘူး။ ပန်ဒါနီတွေကို ၁၈၂၅ ခုနှစ်မှာ တရားဝင်ဖော်ပြခဲ့ပြီး  လက်ရှိမှာတရားဝင်အသိအမှတ်ပြုထားတဲ့Himalayan နဲ့ Chinese red panda များနဲ့ လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀၀၀ခန့်ကတည်းက ဗီဇများကွဲပြားခဲ့ကြကြောင်းသိရပါတယ်


ဟိမဝန္တာတောင်တန်းများနဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိတောင်တန်းကြီးများမှာများစွာတွေ့ရတဲ့ ပန်ဒါနီလေးတွေဟာ မျိုးရင်းတစ်ခုလုံးမှာအသက်ရှင်ကျန်ရစ်သောတစ်ခုတည်းသောမျိုးစိတ်များပဲဖြစ်ကြပါတယ်။ အသားစားမျိုးစိတ်များဖြစ်သော်လည်း အဓိကအားဖြင့် မျှစ်များ၊ဝါးရွက်နုများနဲ့ အာဟာရအရှိဆုံး အစားအစာများကို ရွေးချယ်စားသောက်တတ်ကြပြီးစွမ်းအင်ကိုလည်းလိုအပ်သလိုချွေတာနိုင်ကြပါတယ်


Red pandaများဟာရေအရင်းအမြစ်နဲ့နီးကပ်ပြီးဝါးရုံတောများထူထပ်စွာပေါက်ရောက်ပြီးမတ်စောက်တဲ့ တောတောင် များကိုနှစ်သက်ကြပါတယ်။ပညာရှင်များကမူသေးငယ်သောပန်ဒါနီများဟာ လွန်ခဲ့သောနှစ် သန်းပေါင် ၁၈ သန်းမှ ၂၅ သန်းအတွင်းမှာယူရေးရှားနဲ့ မြောက်အမေရိကမှာတွေ့ရတဲ့ မျိုသုဉ်းသွားသော မျိုးစိတ်များအတိုင်းပျံ့နှံ့ခဲ့ကြောင်းခန့်မှန်းထားကြပါတယ်။သေးငယ်ပြီးချစ်စရာကောင်းတဲ့ ဒီပန်ဒါနီလေးတွေဟာ လက်ရှိအချိန်မှာတော့ များစွာသောအကြောင်းများကြောင့် တွေ့ရှိရန်အလွန်ခက်ခဲသောရှားပါးမျိုးစိတ်တစ်ခုအဖြစ် စာရင်းဝင်လာကြောင်းလည်းသိရပါတယ်



#အစားအစာ
#တရုတ်နိုင်ငံ
#မျိုးရိုး
#ဗီဇ
#ပန်ဒါနီ

Some text some message..