အသေးငယ်ဆုံး သမင်၊ဒရယ်မျိုးစိတ်များအနက်မှ မျိုးစိတ်တစ်မျိုး
mmload.com
|
2024-01-03

အာဖရိကတောင်ပိုင်းနဲ့အရှေ့ပိုင်းရှိဆာဗားနားချုံပုတ်မြေများမှာများစွာတွေ့ရတဲ့ Dik-diks အမည်ရှိသမင်၊ဒရယ် မျိုးစိတ်တွေဟာအခြားသမင်၊ဒရယ်များထက်ထူးခြားပါတယ်။သေးငယ်သော Antelope မျိုးစိတ်လေးမျိုးအနက် တစ်မျိးအပါအဝင်ဖြစ်တဲ့Dik-diksဟာ ဆိတ်တစ်ကောင်နှင့်မှားလောက်အောင်ပင်သေးငယ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။အလွန်သေးငယ်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသောကြောင့်သဘာဝနဲ့လိုက်လျောညီထွေစွာ အလျှင်အမြန်လှုပ်ရှားနိုင်ကြပါတယ်


Dik-diks များဟာ အန္တရာယ်ကြုံတွေ့ပါကထူးခြားသောနှာခေါင်းပေါက်မှလေချွန်သံကဲ့သို့ကျယ်လောင် သောအသံကိုထွက်ပေါ်စေကာအချင်းချင်းဆက်သွယ်မှုများပြုလုပ်ကြပါတယ်။ထိုမြည်သံကို အစွဲ့ပြုပြီး Dik-diksဟူသောအမည်ပေးခဲ့ကြောင်းလည်းသိရပါတယ်။ထိုမျှမကသားရဲများရန်မှကာကွယ်နိုင်ရန် အခြားသတ္တဝါများထက်စူးရှသောအမြင်ကို ပိုင်ဆိုင်ထားပြီးလျင်မြန်စွာပြေးလွှားလှုပ်ရှားနိုင်တဲ့ သတ္တဝါတွေဆို လည်းမမှားပါဘူး


မိုးနည်းသောဒေသများတွင်နေထိုင်ကြသည်နဲ့အညီအထူးဇီဝကမ္မဆိုင်ရာပြုပြင်ပြောင်းလဲနိုင်မှုများကိုလည်းပိုင်ဆိုင် ထားကြပါတယ်။အပူပိုင်းတွင်နေထိုင်သောသတ္တဝါများဖြစ်သောကြောင့်ရေဓာတ်ခမ်းခြောက်မှုများကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး အလွန်ပူသောရာသီမျိုးမှာတော့နှာခေါင်းအတွင်းမှ နှာရည်များကိုညှစ်ထုတ်ကာအငွေ့ပျံစေပြီးမိမိ ကိုယ်ကိုအေးမြအောင်ဆောင်ရွက်တတ်ကြပါတယ်။ထိုသို့လုပ်ဆောင်ခြင်ဟာသွေးများကိုခန္ဓာကိုယ်အတွင်းပြန်လည်မလည်ပတ်မှီ အေးမြအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်



#ခန္ဓာကိုယ်
#သမင်
#နှာခေါင်း
#ဒရယ်
#သတ္တဝါ

Some text some message..