ထူးခြားတဲ့အသွင်ကိုပိုင်ဆိုင်ထားသော ရေညှိဖားများ
mmload.com
|
2024-01-21

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊လာအိုနိုင်ငံတောင်ဘက်အလယ်ပိုင်းနဲ့တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာတွေ့ရတဲ့ Theloderma corticaleဟာအခြားဖားများနဲ့မတူဘဲထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြပါတယ်။ Mossy Frogဟူသောအမည်ဖြင့်လူသိများပြီး နာမည်နဲ့လိုက်ဖက်စွာပင်အမှတ်မထင်ကြည့်မိပါကသက်ရှိသတ္တဝါတစ်ကောင်နဲ့မတူဘဲရေညှိများဖြင့်ပင်တူနေပါတယ်။ဗီယက်နမ်နိုင်ငံမှာအဓိကတွေ့ရတဲ့ဖားအမျိုးအစားတွေဖြစ်ပြီးကုန်းနေရေနေသတ္တဝါများဖြစ်ပေမယ့်အချိန်အများစုကိုရေမှာကုန်ဆုံးကြတဲ့သတ္တဝါများပဲဖြစ်ကြပါတယ်


 အစိမ်းရောင်၊အညိုရောင်နဲ့ရံဖန်ရံခါမှာအနီရောင်များအဖြစ်တွေ့ရှိရကာအမြဲစိမ်းတောများမှာတွေ့ရှိရပါကမြင်ရသူကိုပင်မျက်စိမှားစေပါတယ်။အန္တရာယ်များတဲ့သားရဲများရဲ့ခြိမ်းခြောက်ခြင်းခံရပါကလည်း၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို ဘော့လုံးလုံးသည်အထိကွေးပြီး အသေကောင်တစ်ကောင်ပမာပြုမူကာသားရဲများကို လှည့်စားတတ်ကြပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀အကြားမှာနေထိုင်ကြပြီးဂူများ၊ ချောက်ကမ်းပါးနံရံများကိုပင်တွယ်ကပ်နေထိုင်နိုင်ကြပါတယ်။ထိုကဲ့သို့တွယ်ကပ်နိုင်ရန်လည်းစေကပ်နေတဲ့စုပ်ခွက်ပုံခြေချောင်းများကကူညီပေးကြပါတယ်


ထူးခြားသောရေညှိရောင်အရေပြားများ၎င်းဖားများအတွက်ဟာသဘာဝကဖန်တီးပေးထားသော အသက် ရှင်သန်ရေးဆိုင်ရာနည်းဗျူဟာတစ်ခုဖြစ်ကြောင်းပညာရှင်တို့ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာရေညှိရောင်ခန္ဓာကိုယ်နဲ့တိရိစ္ဆာန်များစွာရှိနေပြီး အဆိုပါတိရိစ္ဆာန်များထဲမှရေညှိဖားများကိုမူ ကျွမ်းကျင်စွာပုံးကွယ်နိုင်သူပညာရှင်များအဖြစ်သုတေသီတို့အသိအမှတ်ပြုကြပါတယ်။အာရှတိုက်ဒေသအချို့ရဲ့အမြဲစိမ်းသစ်တောများမှာတွေ့ရတဲ့ Mossy Frog တွေကိုတော့တရားမဝင်အိမ်မွေးတိရိစ္ဆာန်များ အဖြစ်ဖမ်းယူရောင်းချနေတဲ့ မှောင်ခိုဈေးကွက်များလည်းကမ္ဘာမှာများစွာရှိနေကြောင်းသိရပါတယ်



#ခန္ဓာကိုယ်
#ရေညှိ
#သတ္တဝါ
#မျက်စိ
#သားရဲ

Some text some message..