ဥမှပေါက်သောနို့တိုက်သတ္တဝါမျိုးစိတ်
mmload.com
|
2024-01-26

ကမ္ဘာပေါ်ရှိနို့တိုက်သတ္တဝါအများစုဟာအကောင်လိုက်ပေါက်ဖွားကြပါတယ်။ဒါပေမဲ့ဥမှပေါက်တဲ့နို့တိုက်သတ္တဝါမျိုးစိတ်အချို့ရှိပေမယ့်သိရှိသူတော့အတော်ရှားပါတယ်။ ကမ္ဘာပေါ်မှာMonotremes လို့ခေါ်တဲ့ဥမှသားပေါက်တဲ့နို့တိုက်သတ္တဝါမျိုးစိတ်၅ မျိုးရှိပါတယ်။ ထိုသတ္တဝါ ၅ မျိုးမှာ Echidnas တွေဟာလည်းအပါအဝင်ဖြစ်ပါတယ်


Echidnasတွေဟာဩစတေးလျနဲ့နယူးဂီနီမှာများစွာနေထိုင်ကြပြီး Monotremataမျိုးရင်းရဲ့တစ်ခုတည်းသောအသက်ရှင်ကျန်တဲမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ပုံစံမှာဆူးတောင်များပါသော် လည်း ဖြူးကောင်များနဲ့ နီးကပ်တဲ့တူညီမှုတော့မရှိပါဘူး။ပညာရှင်များရဲ့လေ့လာချက်အရလွန်ခဲ့သောနှစ်သန်းပေါင်း ၂၀ နဲ့ ၅၀ ကြားမှာplatypus (ဘဲတူဖျံတူ) နဲ့တူတဲ့ Monotremes မှဆင်းသက်လာကြောင်း ဆိုကြပါတယ်


ခန္ဓာကိုယ်မှာ သားပိုက်ကောင်များကဲ့သို့ထူးခြားသောအိတ်တစ်ခုပါရှိပါတယ်။အမများဟာမိတ်လိုက် ရာသီ မိတ်လိုက်ပြီး၂၂ ရက်အကြာမှာအခွံပျော့တဲ့ ဥ ဥကာဝမ်းဗိုက်ရှိအိတ်ထဲသို့ထည့်ကာသိမ်းထားလေ့ရှိကြပါတယ်။သားပေါက်ချိန်မှာသားလောင်းများဟာမိခင်နို့ကို စို့ရင်းမိခင်ရဲ့အိတ် အတွင်းမှာတစ်နှစ်နီးပါးနေထိုင်ပြီးမှသာလျှင်ပြင်ပလောကသို့လွတ်လွတ်လပ်လပ်ထွက်ခွာကြကြောင်းသိရပါတယ်


နို့တိုက်သတ္တဝါတွေနဲ့တွားသွားသတ္တဝါတွေရဲ့အရည်အသွေးတွေရှိတယ်လို့ယူဆသတ်မှတ်ထားတဲ့ Echidnas တွေဟာသက်တမ်းမှာပျမ်းမျှအားဖြင့် ၁၄ နှစ်မှ ၁၆ နှစ်အထိရှင်သန်နိုင်ကြတဲ့သတ္တဝါတွေပဲ ဖြစ်ပါတယ်။ဇီဝဖြစ်ပျက်မှုနည်းပါးပြီးဖိစည်းမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်းကြောင့် အသက်ရှည်ကြာစွာနေထိုင်နိုင်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်



#ခန္ဓာကိုယ်
#မိခင်
#အရည်အသွေး
#သတ္တဝါ
#Monotremes

Some text some message..