
ကမ္ဘာပေါ်မှာထူးဆန်းတဲ့ရေနေသတ္တဝါမျိုးစိတ်ပေါင်းများစွာရှိကြပါတယ်။ထိုမျိုးစိတ်ပေါင်းများစွာထဲမှာမှ Whale sharkအမည်ရဝေလငါးမန်းများဟာလည်းထူးခြားတဲ့ငါးမျိုးစိတ်တစ်ခုအဖြစ်ပါဝင်နေပါတယ်။ကမ္ဘာပေါ်ရှိငါးမျိုးစိတ်ပေါင်းများစွာရှိသည့်အနက်အကြီးဆုံးငါးမျိုးစိတ်တစ်ခုဆိုလည်းမမှားပါဘူး။ငါးမန်း မျိုးစိတ်ဝင်များဖြစ်ကြသော်လည်း အခြားငါးမန်းမျိုးစိတ်များကဲ့သို့ရန်လိုတဲ့အပြုအမူတော့မရှိကြပါဘူး

အလေးချိန်အားဖြင့် ၂၅ တန်ကျော်လေးတဲ့Whale sharkတွေမှာ သွားပေါင်း ၄၀၀၀ကျော်ပါရှိပါတယ်။အကြီးဆုံးငါးများအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ငါးအရှည်မှာ ၆၁ပေခွဲကျော်အထိရှည်ကာအချို့ပညာရှင်များမှာမူဒုတိယအကြီးဆုံးငါးမျိုးစိတ်ဟုသတ်မှတ်ထားကြပါတယ်။ ထူးခြားစွာပဲအခြားဝေလငါးများကဲ့သို့နို့တိုက်သတ္တဝါမျာလည်းမဟုတ်သလို ငါးမန်းများကဲ့သို့လူတွေကိုအန္တရာယ်မပြုကြဘဲသိမ်မွေ့သောငါးများအဖြစ်ထင်ရှားပါတယ်။ တစ်ခါတစ်ရံမှာရေငုပ်သမားများပင်စီးနှင်းလိုက်ပါနိုင်ကြောင်းသိရပါတယ်

ဖိလစ်ပိုင်နိုင်ငံမှာ Butanding ၊ Balilan ဟုအမည်ရကာရေငုပ်သမားများဟာ၎င်းဝေလငါးမန်များနဲ့ ၄ ပေအကွာခန့်မှနေရမည်ဟုလည်းတားမြစ်ထားပါတယ်။အကယ်၍ထိကိုင်မိပါကဒဏ်ငွေပေဆောင်ရန်နဲ့ ထောင်ဒဏ်အထိအပစ်ခံယူရန် ဥပဒေများနဲ့တားမြစ်ထားကြောင်းလည်းသိရပါတယ်။ Maldivian ရဲ့ ၂၀၁၅-၁၇ မှာထုတ်ဝေတဲ့ ငွေစက္ကူ1000 rufiyaaမှာလည်း လိပ်စိမ်းနဲ့အတူWhale sharkကိုအမှတ် အသားပြုကာထုတ်ဝေခဲ့ခဲ့ပါတယ်