သားပိုက်ကောင်များဟာအမြင့်ပေ ဘယ်လောက်အထိခုန်နိုင်ကြသလဲ?
mmload.com
|
2024-02-01

Kangaroos လို့အခါ်တဲ့သားပိုက်ကောင်လေးတွေကိုတော့ဩစတေးလျအရှေ့ပိုင်းမှာများစွာတွေ့ရပါ တယ်။အုပ်စုလိုက်နေထိုင်တတ်ကြပြီပုံမှန်အားဖြင့်အကောင်ပေါင်း ၅၀ကျော်နဲ့နေထိုင်တတ်ကြတဲ့သတ္တဝါမျိုးစိတ်များလည်းဖြစ်ပါတယ်။ထူးခြားတဲ့ပုံစံနဲ့သားပိုက်ကောင်လေးတွေကိုလူအများသဘောကျ ကြပြီးသူတို့ရဲ့အပြုအမူလေးတွေကိုလည်းချစ်ကြပါတယ်


ဒါပေမဲ့လူအများစုဟာသားပိုက်ကောင်လေးတွေအမြင့်ခုန်တတ်ကြတာကိုသိကြပေမယ့်တစ်ခါခုန်လျှင်ပျမ်းမျှဘယ်လောက်ထိခုန်နိုင်လဲဆိုတာ သတိမထားမိကြပါဘူး။သားပိုက်ကောင်များဟာအန္တရာယ်နဲ့ကြုံတွေပါက၎င်းတို့ရဲ့သန်မာတဲ့ခြေဖဝါးများကိုအသုံးပြုပြီးမြေကိုနင်းကာ သတိပေးတတ်ကြကာ ၎င်းတို့လွတ်မြောက်ရာရှာဖွေတတ်သလို့ ခုန်ကာပြေးလွှားတတ်ကြပါတယ်။အမြင့်ခုန်ရာမှာလည်းမထင်မှတ်စွာပင်ပေပေါင်း ၂၇ပေ မှ ပေ၃၀ အထိမြင့်အောင်ပင်ခုန်နိုင်ကြကြောင်းလေ့လာသူတို့ဆိုထားပါတယ်


ထိုကဲ့သို့သားပိုက်ကောင်လေးများအမြင့်ခုန်နိုင်သည်မှာ၎င်းတို့ရဲ့သန်မာသေးငယ်သောနောက်ခြေမျာနဲ့ရှည် လျှားခိုင်မာသောအမြီးများမှဟန်ချက်ညီအောင်ကူညီပေးထားခြင်းကြောင့်ဖြစ်ကြောင်းလည်းသိရပါတယ်။သန်မာသောခြေထောက်များဟာခုန်ကာပြေးလွားကြရုံမျှမက အုပ်စုများအတွင်းတိုက်ခိုက်ကြသည့်အခါများမှာလည်းအသုံပြုကာတိုက်ခိုက်တတ်ကြပါတယ်။လေ့လာသူတို့ရဲ့ပြောကြားချက်များအရသားပိုက်ကောင်လေးများဟာပျမ်းမျှအားဖြင့်မိုင် ၃၀ ကျော်တဲ့ခရီးရှည်ကိုပင် တစ်နာရီမျှသာအချိန်ယူကာသွားလာနိုင်ကြကြောင်းလည်းသိရပါတယ်



#ခြေထောက်
#အန္တရာယ်
#အပြုအမူ
#သားပိုက်ကောင်
#အမြီး

Some text some message..