ဟန်ဆောင်ကောင်းသောအင်းဆက်များ
mmload.com
|
2024-02-02

Acanthaspis petax အမည်ရအင်းဆက်များဟာ အာဖရိက နဲ့မလေးရှားဒေသတွေမှာ တွေ့ရတဲ့အကောင်ငယ်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။အခြားအင်းဆက်မျိုးစိတ်များနဲ့မတူဘဲ ထူးခြားနေကာ ဟန်ဆောင်ကောင်းတဲ့အင်းဆက်တွေဆိုလည်းမမှားပါဘူး။Acanthaspis petaxတွေဟာ၎င်းတို့ရဲ့ခန္ဓာကိုယ်မှာပုရွက်ဆိတ်အသေများစွာသယ်ဆောင်သွားနိုင်ပြီးထို့အပြုမှုကြောင့်ပဲလူအများတိပြုမိလာခဲ့ပါတယ်


Reduviidae မျိုးစုဝင်များဖြစ်ကြတဲ့၎င်းတို့ရဲ့တံတွေးတွေမှာသားကောင်ရဲ့ကြွက်သားများကိုပျက်စီးစေနိုင်သောအဆိပ်များပါရှိပါတယ်။ထိုအဆိပ်ဟာသားကောင်ရဲ့တစ်ရှူးတွေကိုအရည်ပျော်စေနိုင်စွမ်းရှိကာ အတွင်းသားများကိုစုပ်ယူစားသောက်ခြင်းဖြင့်သားကြောင်ရဲ့အပေါ်ယံရုပ်အလွှာကိုပျက်စီးခြင်းမရှိဘဲသေဆုံးသွားစေနိုင်ပါတယ်။သို့သော်အခြားသောအင်းဆက်များနဲ့မတူဘဲ၎င်းတို့စားသုံးထားသောပုရွက်ဆိတ်အရိုးစုများကို ၎င်းတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာသွားလေရာသယ်ဆောင်သွားတတ်ပြီးတစ်ကြိမ်လျှင်အကောင်၂၀ ခန့်သယ်ယူသွားနိုင်ကြောင်းသိရပါတယ်


ထိုကဲ့သို့သယ်ဆောင်သွားခြင်းဖြင့်၎င်းတို့ရဲ့ထူးခြားကြီးမားသောအသွင်ကိုဟန်ဆောင်နိုင်ကာအချို့သောသားရဲများမှ၎င်းတို့ကိုအမဲလိုက်ခြင်းမှရှောင်ကျဉ်တတ်ကြပါတယ်။Acanthaspis petax များရဲ့အမူအကျင့်နဲ့ပက်သက်၍သိပ္ပံပညာရှင်အသိုင်းအဝိုင်းတွင် ယနေ့အချိန်အထိဆွေးနွေးငြင်းခုန်မှုများရှိနေကြောင်းလည်းသိရပါတယ်။Acanthaspis petax များဟာအခြားသားကောင်များကိုလဲစားသောက်ကြသော်လည်းအဘယ့်ကြောင့် ပုရွက်ဆိတ်များသာ၎င်းတို့ရဲ့ခန္ဓာကိုယ်တွင်သယ်ဆောင်သွားကြကြောင်းကိုမည်သူမျှတိကျသောဖြေရှင်ချက်မပေးနိုင်သေးပါဘူး။အချို့သောပညာရှင်တို့ကမူ ပုရွက်ဆိတ်ရုပ်အလောင်းများဟာအမဲလိုက်ရာမှာအနံ့ဆိုးထွက်ခြင်းကိုဖုံးကွယ်ထားနိုင်ခြင်းကြောင့်ဖြစ်ကြောင်းဆိုထားပါတယ်



#ခန္ဓာကိုယ်
#သိပ္ပံ
#အလောင်း
#ပုရွက်ဆိတ်
#အင်းဆက်

Some text some message..