
အရှေ့အာဖရိက အပူပိုင်းဒေသ၊ တောင်ပိုင်းဆူဒန်မှဇမ်ဘီယားဒေသအထိတွေ့ရတဲ့ Shoebills ဟာနာမည်နဲ့လိုက်ဖက်စွာပင်ာဖိနပ်ပုံစံနှုတ်သီးများကိုပိုင်ဆိုင်ထားကြပါတယ်။ Whalebill ၊ Whale-headed storkစသောသီးခြားအမည်များဖြင့်ထင်ရှားပြီးနှုတ်သီးများဟာသန်မာကာ တိုက်ခိုက်ရာမှာအလွန်အသုံးဝင်ပါတယ်။လေ့လာသူပညာရှင်တို့ကမူ၎င်းငှက်များရဲ့မျိုးရိုးဗီဇဆိုင်ရာ အထောက်အထားများအရ ၎င်းတို့ကို Pelicansများ၊ ဗျိုင်းများပါဝင်သောအုပ်စုမှာထည့်သွင်းထားပါတယ်

အရွယ်အစားကြီးမားသောငှက်မျိုးစိတ်များဖြစ်ကြကာ အချို့တွင် ၄ပေကျော်မြင့်သောအရပ်ကိုပိုင်ဆိုင်ထားပါတယ်။အများအားဖြင့်လမ်းလျှောက်သွားလာတတ်ပြီး၎င်းတို့ရဲ့ရှည်လျားသောခြေထောက်များကိုအသုံပြုကာ ငါးများ၊ကြွက်များနဲ့အခြာသောတွားသွားသတ္တဝါများကိုဖမ်းယူစားသောက်ကြကာ၎င်းတို့ရဲ့နှုတ်သီးဟာ အရွယ်မရောက်သေးသောမိကျောင်းငယ်များကိုပင်တိုက်ခိုက်နိုင်ကြောင်းသိရပါတယ်။ အချို့သော Shoebills များဟာများသောအားဖြင့် ၂ ပေကျော် ၃ပေနီးပါးအရွယ်ရှိငါးများကိုဖမ်းယူစားသောက်ကြပြီး ရံဖန်ရံခါမှာ ၃ ပေကျော်သောငါးများကိုပင်ဖမ်းယူစားသောက်တတ်ကြပါတယ်

Shoebillsများရဲ့ကြာရှည်စွာ ပျံသန်းမှုနဲ့အမြင့်ပျံသန်းမှုတို့မှာရှားပါးပြီး အချို့သောအခါများတွင်သာအနည်းဆုံး၆၆ပေကျေ ာ်ပျံသန်းကြကြောင်းမှတ်တမ်းများအရသိရပါတယ်။ထူးခြားတဲနှုတ်သီးပိုင်ရှင် Shoebills များဟာလူသားများဖြင့်ရင်းနှီးသောဆက်ဆံမှုရှိပြီးငှက်ကြည်သူများမှလည်းအာဖရိကတိုက်ရှိ အနှစ်သက်ဆုံး ငှက် ၃မျိုးမှာShoebillsများပါဝင်ကြောင်းဆိုပါတယ်။ သုတေသနပညာရှင်တို့ခန့်မှန်းချက်များအရစုစုပေါင်းအကောင်အရေအတွက် ၅၀၀၀ မှ ၈၀၀၀ ကြားတွင်သာကျန်ရှိနေကာ BirdLife Internationalမှလည်း မျိုဉ်းသုဉ်နိုင်ခြေများသောငှက်မျိုးစိတ်များအဖြစ်သတ်မှတ်ကာအထူးထိန်းသိမ်းရန်လိုအပ်ကြောင်းဆိုထားပါတယ်