
ကျွန်တော်တို့ကမ္ဘာကြီးဟာထူးခြားဆန်းပြားသောနေရာများ၊ဇီဝမျိုးစုံမျိုးကွဲများမျာစွာနဲ့ဖွဲ့စည်းထားပါတယ်။ ထိုထူးခြားတဲ့အရာများမှာအချို့သောနေရာများမှာ သဘာဝအတိုင်းမဟုတ်ဘဲလူတို့ပြုလုပ်ထားတဲ့ အဆောက်အဦးအချို့ဟာလည်း ထူးခြားတဲ့နေရာများမှတစ်ခုအဖြစ်ပါဝင်ကာကမ္ဘာကြီးကိုပြည့်စုံအောင်ဖြည့်ဆည်းပေးနေပါတယ်။ ထိုအဆောက်အဦးများမှာ ကင်ညာနိုင်ငံရှိ Salt Lick Safari Lodge ဟာလည်းအပါအဝင်ဖြစ်ပါတယ်

တောရိုင်းတိရစ္ဆာန်ဝါသနာအိုးများအတွက်စိတ်လှုပ်ရှားဖွယ်ရာနေရာတစ်ခုဖြစ်တဲ့Salt Lick Safari Lodge ဟာ ကမ္ဘာပေါ်ရှိတဲခိုခန်းများမှထူးခြားတဲ့တဲခိုခန်းတစ်ခုဖြစ်ပါတယ်။ အဆိုပါတဲခိုခန်းဟာ Taita Hills တောင်ခြေရှိ ပုဂ္ဂလိက တောရိုင်းတိရစ္ဆာန်ထိမ်းသိမ်းရေးဌာနတစ်ခုဖြစ်တဲ့Taita Hillsဘေးမဲ့တောအတွင်းမှာတည်ရှိနေပါတယ်။ ထူးခြားတဲ့ ဒီတဲခိုခန်းကြီးရဲ့ပတ်ဝန်းကျင်မှာရေကန်တစ်ခုနဲ့လှပတဲ့ထူးခြားတဲ့ ရှုခင်းတစ်ခုကဲ့သို့ ရှိနေပြီးခရီးသည်များကိုအထူးစွဲဆောင်နေပါတယ်

Salt Lick Safari Lodge ဟာခြင်္သေ့၊ကျွဲ၊သစ်ကုလားအုပ်များအခြားသောတိရစ္ဆာန်မျိုးစိတ်များအတွက်လည်း အကာအကွယ်ပေးထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ထိုတဲခိုခန်းရှိဘေးမဲ့တောကြီးဟာ ငှက်မျိုးစိတ်ပေါင် ၃၀၀ ကျော်အထိကာကွယ်ထားပြီး ခရီးသွားများအနေနဲ့လမ်းလျောက်ရင်းပင်ငှက်မျိုးစိတ်များစွာကိုလည်းလေ့လာနိုင်ကြောင်းဆိုပါတယ်။အထူးသဖြင့်ဆင်များပေါများသောကြောင့်လူသိများထင်ရှားတဲ့ Taita Hillsဘေးမဲ့တောဟာကင်ညာနိုင်ငံရဲ့ အကြီးဆုံးနဲ့ရှေးအကျဆုံးအမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့Tsavo West အမည်ရအမျိုးသားဥယျာဉ်ကြီးဘေးမှာရှိကြောင်းလည်းသိရပါတယ်

တဲခိုခန်း ရဲ့ဆွဲဆောင်မှုမှာ အဓိကအားဖြင့်ကန်ပတ်ဝန်းကျင်သို့လာရောက်ကြတဲ့ တောရိုင်းတိရစ္ဆာန်များကိုအနီးကပ်လေ့လာကြည့်ရှုနိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်။တိရစ္ဆာန်ကြည့်ရှုလိုသူများအတွက်တော့ အထူးစိတ်လှုပ်ရှားစရာဖြစ်စေကြောင်းလည်းလည်ပတ်သူများထံမှသိရကာ ကင်ညာနိုင်ငံရဲ့အကျော်ကြား ဆုံးနေရာများမှတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။ အဆိုပါတဲခိုခန်းဟာ တောရိုင်းတိရစ္ဆာန်လေ့လာလိုသူများအတွက်စစ်မှန်တဲ့ဆာဖာရီ အတွေ့အကြုံကိုပေးစွမ်းကြောင်းလည်းခရီးသွားတို့ဆိုပါတယ်