ကမ္ဘာပေါ်က မပျံသန်းနိုင်တဲ့ တင်ကျီးငှက်အကြောင်း သင်သိပြီးပြီလား ...
mmload.com
|
2024-03-18

သိပ္ပံနာမည် Phalacrocoracidae လို့ခေါ်တဲ့ cormorant ( တင်ကျီးငှက် )ဟာဆိုရင် အတောင်ပံတိုပြီးမပျံသန်းနိုင်သော ရေနေငှက်မျိုးစိတ် ၄၀ ထဲက တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ အစာရှာချိန် မိတ်လိုက်ချိန် အချင်းချင်းရန်လိုချိန်တွေကလွဲလို့ အသံတိတ်ပြီးအေးဆေးနေတတ်ကြပါတယ်တဲ့။


အသားစားငှက်များဖြစ်ကြပြီးအဓိကအားဖြင့် သူတို့ရဲ့ချွန်ထက်တဲ့ နှုတ်သီးတွေနဲ့ ငါးတွေကိုဖမ်းယူစားသောက်ကြပါတယ်။ သူတို့အကျွမ်းကျင်ဆုံးအလုပ်ကတော့ ရေငုပ်တာပါပဲ။ အမြင့်ကြီးထိတော့ မပျံနိုင်ကြပါဘူး။ ကြီးမားတဲ့ အနက်ရောင်ရေငှက်မျိုးဖြစ်ပြီး အရွယ်အစားကတော့ ၁၀၀စင်တီမီတာ ( ၃၉လက်မ ) နဲ့ အလေးချိန် ၃.၅ မှ ၆.၈ ကီလိုဂရမ် ( ၇ ပေါင် မှ ၁၅‌ ပေါင် ) အထိ ရှိတတ်ပါတယ်။ ကမ်းရိုးတန်း၊ပင်လယ်အော်၊ရေကန်၊မြစ်များရဲ့ကမ်းစပ်ဒေသ၊ကမ်းပါးများပေါ်ရှိသစ်ပင်၊ကျောက်ဆောင်နားတွေမှာ အသိုက်လုပ်နေထိုင်တတ်ကြပါတယ်။


အရွယ်ရောက်ပြီးတင်ကျီးငှက်တစ်ကောင်ဟာ လည်ချောင်းတစ်ဝိုက်မှာအဖြူရောင်ရှိပြီး အဝါနုရောင်အရေပြား၊ အနက်ရောင်အမွှေး နဲ့ ခြေထောက်အထက်ပေါင်မှာ အဖြူရောင်ဖြစ်ပါတယ်။ အာရှတိုက်တောင်ပိုင်းရဲ့အရှေ့ဘက် ၊ အရှေ့တောင်ဘက်တွေမှာအများအားဖြင့်တွေ့ရတတ်ပါတယ်။ ဒါ့အပြင်ကိုယ့်ရဲ့ရပ်ရွာအနီးဝန်းကျင်တွေမှာ တင်ကျီးငှက်တွေစုဝေးနေရင် ကံကောင်းစေတယ်လို့လည်း ဆိုကြပါသေးတယ်။


#ခြေထောက်
#အနက်ရောင်
#ကီလို
#အာရှ
#တောင်ပံ

Some text some message..