အန္တာရာယ်အများဆုံးငှက်မျိုးစိတ်များ
mmload.com
|
2024-03-28

ဥရောပငါးဖမ်းစင်ရော်

ဒီစင်ရော်တွေဟာ လူတွေရဲ့အစာတွေကိုခိုးယူတာနှင့် အုပ်စုဖွဲ့တိုက်ခိုက်တတ်တာအတွက် နာမည်ကြီးကြတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ ရှည်လျားတဲ့တောင်ပံနှင့် ဓားလိုမျိုးချွန်ထက်တဲ့ နှုတ်သီးရှိကြတဲ့ ဒီစင်ရော်တွေဟာ တစ်ကောင်အတိုက်ခိုက်ခံရတာနှင့်တစ်ခြားအကောင်တွေပါရောက်လာပြီး ဝိုင်းတိုက်ခိုက်တတ်ကြတဲ့ငှက်တွေပါ။ တိုက်ခိုက်ခံရသူကို ပြင်းထန်တဲ့ဒဏ်ရာတွေတော့မရစေနိုင်ပါဘူး။


အမောက်ထောင်ငှက်ကုလားအုတ်

ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဖြစ်တဲ့ ဒီငှက်ကုလားအုတ်တွေဟာလည်းပဲ ကြောက်စရာကောင်းလွန်းတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။  ၁.၂ မီတာလောက်မြင့်တဲ့ ဒီငှက်ကုလားအုတ်တွေဟာ ဓားသွားလိုမျိုးချွန်ထက်တဲ့ခြေသည်းတွေရှိပြီးတော့ ရန်သူကိုကန်ချက်တစ်ချက်နှင့်တင် အသက်ပျောက်သွားအောင်လုပ်နိုင်ပါတယ်။


ဩစတေးလျငှက်ဆိုး

ဩစတေးလျရဲ့အန္တာရာယ်အများဆုံးငှက်စာရင်းမှာ ပါဝင်တဲ့ဒီငှက်ဆိုးတွေဟာ အသိုက်ဖွဲ့ချိန်နှင့် ဥပေါက်ချိန်တွေမှာ အတော်လေး အကဲဆတ်တဲ့အကျင့်ရှိကြပါတယ်။ သူတို့ဟာတစ်ဖက်ရန်သူရဲ့ မျက်လုံးလိုမျိုးနူးညံ့တဲ့အစိတ်အပိုင်းတွေကိုပဲရွေးချယ်တိုက်ခိုက်လေ့ရှိကြတဲ့ ငှက်တွေဖြစ်ပါတယ်။


နှင်းဇီးကွက်


ဇီးကွက်မျိုးစိတ်တွေထဲမှာ အလှဆုံးလို့သတ်မှတ်ထားကြတဲ့ နှင်းဇီးကွက်တွေဟာလည်းပဲ အသွင်အပြင်လှပေမဲ့ ကြောက်စရာလည်းကောင်းတဲ့ငှက်တွေဖြစ်ပါတယ်။ သူတို့ဟာ ချွန်ထက်နေတဲ့ခြေသည်းတွေနှင့် တစ်ဖက်ရန်သူရဲ့ခေါင်းနှင့်မျက်လုံးတွေကိုအဓိကထားတိုက်ခိုက်တတ်ကြပါတယ်။ 


#မျက်လုံး
#ရန်သူ
#ဇီးကွက်
#ကုလားအုတ်
#ဩစတေးလျ

Some text some message..