စားပွဲတင်စပျစ်သီးအရွယ်သာရှိတဲ့ ရှားပါးရေဘဝဲမျိုးစိတ်
mmload.com
|
2024-03-29

Chierchiae ရေဘဝဲကို သေးငယ်သော ပစိဖိတ်အစင်းရေဘဝဲ သို့မဟုတ် Pygmy zebra ရေဘဝဲလို့ လူသိများပြီး ဥအများအပြားထုတ်လွှတ်ပေးနိုင်တဲ့ ရေဘဝါမျိုးစိတ်အနည်းငယ်မှ တစ်မျိုးပဲဖြစ်ပါတယ်။ အမေရိကတိုက် အလယ်ပိုင်း စိဖိတ်ကမ်းရိုးတန်းတွင် တွေ့ရသော‌ ရေဘဝဲငယ် ဖြစ်ပြီး ကယ်လီဖိုးနီးယားပင်လယ်ကွေ့အထိ မီတာ ၄၀ နက်သော ပင်လယ်ရေအောက်တွင် နေထိုင်ကြပါတယ်။


အကြီးဆုံးရေဘဝဲကောင်ရဲ့ ခန္ဓာကိုယ်အရှည် မှာ ၂၅ မီလီမီတာ ဖြစ်ပြီး ရေဘဝဲငယ်များသည် ၃.၅ မီလီမီတာ သာ ရှိကြပါတယ်။ ပုံမှန် စားပွဲစပျစ်သီး တစ်လုံးစာပဲ ရှိတယ်လို့ ဆိုကြပါတယ်။ ရေဘဝါ‌သားလောင်းအဆင့်မှာ ရက်ပေါင်း ၂၅၀ နှင့် ၃၀၀ ကြားတွင် အရွယ်ရောက်ကြပြီး ရက်ပေါင်း ၄၀၀ ကျော် ( တစ်နှစ်ဝန်းကျင် ) သာရှင်သန်ကြတယ်လို့ ပညာရှင်များက ဆိုပါတယ်။


ငါးငယ် ၊ ခရုငယ် နဲ့ ဆားရေငန်ပုစွန်များကို အဓိကစားသုံးကြပြီး ခန္ဓာကိုယ်မှာ အညို နဲ့ အဖြူအစင်းကြား ဖြစ်ပါတယ်။ Chierchiae ရေဘဝဲများသည် အသက် ၆ လဝန်းကျင်တွင် အရွယ်ရောက်ပြီး ခန့်မှန်းချေ ၆ လပြီး ရက် ၃၀ မှ ၉၀ တွင်း သူတို့ရဲ့ စုပ်ခွက်လက်တံများမှတဆင့် မိတ်လိုက်ကာ ဥများအများအပြားပေါက်နိုင်ကြပါတယ်။ ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး မှတ်တမ်းများ အပြည့်အစုံမရရှိသေးတဲ့ စုံစမ်းဆဲ ရေဘဝဲမျိုးစိတ်ပဲ ဖြစ်ပါတယ်။



#ခန္ဓာကိုယ်
#စပျစ်သီး
#ရေဘဝဲ
#ပင်လယ်
#ပစိဖိတ်

Some text some message..