
သိပ္ပံနာမည် phyllorhiza punctata ဟာ ရေပေါ်ခေါင်းလောင်း လို့လူသိများတဲ့ ဂျယ်လီငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဩစတေးလျတွင် တွေ့ရသောရေခူ ၊ အညိုရောင် ရေခူ သို့မဟုတ် အဖြူရောင်-ပြောက်နေသောဂျယ်လီငါး လို့လည်း ခေါ်ကြပါတယ်။ ဩစတေးလျ မှ ဂျပန်အထိ အနောက်ပစိဖိတ်ဒေသဟာ ဇာတိဖြစ်သော်လည်း အခြားသော ပင်လယ်သမုဒ္ဒရာရေအေးဒေသများ ၊ နက်သောပင်လယ်ပြင် နဲ့ ကမ်းရိုးတန်းတစ်လျှောက်များတွင်လည်း တွေ့ရတတ်ပါတယ်။

အလေးချိန် ၂၀ မှ ၂၄ ပေါင် ( ၉ - ၁၁ ကီလိုဂရမ် ) ကြားရှိပြီး ပျမ်းမျှဘဝသက်တမ်းမှာ ၁ နှစ် မှ ၅နှစ်ထိ ရှင်သန်ကြပါတယ်။ အဖြူရောင်ခေါင်းလောင်းပုံစံ ဦးခေါင်းနဲ့ အရေပြားပေါ်က အစက်အပြောက် ၊ သန္တာကျောက်တန်းများကဲ့သို့ အစုလိုက်ပါရှိတဲ့ လက်တံများ နဲ့ အုပ်စုဖွဲ့နေထိုင်ကြတဲ့ ရေခူတစ်မျိုးပဲ ဖြစ်ပါတယ်။ ပျမ်းမျှ ခေါင်းလောင်းလုံးပတ်မှာ ၅၀ စင်တီမီတာ ( ၂၀ လက်မ ) ထိ ရှိကြပြီး plankton များကို အဓိက စားသုံးလေ့ရှိပါတယ်။

အညိုရောင်ရေခူများသည် ငါးဥ ၊ ငါး ၊ ဂဏန်း နဲ့ ပုစွန်သားပေါက်များကိုလည်း စားသုံးကြတာကြောင့် ငါးဖမ်းလုပ်ငန်းများအတွက် ခြိမ်းခြောက်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အပျော့စားအဆိပ်တော့ ရှိပေမဲ့ လူတွေကို အန္တာရာယ်မဖြစ်စေပါဘူး။ များသောအားဖြင့် ပင်လယ်ရေအောက် အနက်ပိုင်းများတွင် အုပ်စုဖွဲ့နေတာကြောင့် တွေ့ဖို့မလွယ်တဲ့ jelly fish တစ်မျိုးပဲ ဖြစ်ပါတယ်။