ကမ္ဘာပေါ်က အထူးခြားဆုံး ပန်းမျိုးစိတ်လေးများ
mmload.com
|
2024-04-17

အဝါရောင် နဲ့ ခရမ်းရောင် အမျိုးသမီးဖိနပ်

ဒီပန်းလေးကတော့ မြောက်အမေရိက က ရှားပါးသစ်ခွပန်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အဝါရောင်ဖိနပ်ပုံစံအပွင့် နဲ့ သစ်ခွပန်းတွေဟာ ဆေးဖက်ဆိုင်ရာမှာ များစွာ အသုံးပြုခဲ့တဲ့ တန်ဖိုးရှိတဲ့ ပနိးမျိုးစိတ်တစ်မျိုးပါပဲ။ ဒီပန်းတွေရဲ့အမြစ်ဟာ စိုးရိမ်စိတ် နဲ့ အာရုံကြော စိတ်ပိုင်းဆိုင်ရာကို သက်သာစေတယ်လို့ ဒေသခံ အမေရိကန်တွေက ယုံကြည်ကြပြီး ‌သွားကိုက်ခြင်း နဲ့ အိပ်မပျော်ခြင်း ဝေဒနာတွေ ကုသရာမှာလည်း အသုံးပြုတယ်လို့ ဆိုပါတယ်။


တစ္ဆေသစ်ခွ

Ghost orchid တွေကို ‌ဖလော်ရီဒါ ၊ ကျူးဘား နဲ့ Bahamas တို့ရဲ့ စိမ့်မြေတွေမှာ တွေ့ရလေ့ရှိပြီး ရှားပါးသစ်ခွ မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၉ ရာစုမှာ ပထမဆုံး တွေ့ခဲ့တဲ့ တစ္တေသစ်ခွဟာ ထူးခြားတဲ့ လေထုမှာ လွင့်မျောနေတဲ့ တစ္ဆေကဲ့သို့ အပွင့်ကြောင့် ထင်ရှားပြီး ပန်းပွင့်ချိန်မှာ ဆပ်ပြာနဲ့ တူတဲ့ အနံ့ကို ထုတ်လွှတ်ပေးတတ်ပါတယ်။ တစ္ဆေသစ်ခွတွေဟာ ကလိုရိုဖီးလ် မပါရှိတာကြောင့် အာဟာရဓာတ်ရရှိဖို့ မှိုနဲ့ သစ်ပင်ကြီးတွေကို အားကိုးရတဲ့ ကပ်ပါးအပင်မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ ‌သ‌ဘာဝနေထိုင်ရာတွေ ပျက်စီးသွားတာကြောင့် ရှားပါးမျိုးစိတ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါတယ်။


မီးလီလီ

မီးတောက်နဲ့ ဆင်တူတဲ့ အနီရောင် ၊ လိမ္မော်ရောင်အပွင့်များပါရှိတဲ့ Fire lily ဟာ ရင်သပ်ရှုမော်ဖွယ် တံပိုးပုံသဏ္ဍာန်ရှိတဲ့ ပန်းမျိုးစိတ်‌ပဲ ဖြစ်ပါတယ်။ မီးလီလီကို အာဖရိက နဲ့ အာရှ နေရာအနှံအပြားက တိုင်းရင်းဆေးပညာမှာ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ တက်ကြွတဲ့ အရောင်အသွေး နဲ့ ထူးခြားတဲ့ ပုံသဏ္ဍာန်တို့ကြောင့် သီရိလင်္ကာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဘာသာရေးဆိုင်ရာရာ အခမ်းအနားတွေမှာ ယဉ်ကျေးမှု သင်္ကေတတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။ အမြင့် ၁၂ ပေအထိ ကြီးထွားနိုင်ပြီး ဆေးဖက်ဝင် ဂုဏ်သတ္တိတွေ ရှိပေမယ့် နေရာဒေသအလိုက် အချို့ မီးလီလီတွေကတော့ လူကို အရေပြားယားယံစေပါတယ်။



#အနီရောင်
#တစ္ဆေ
#ပန်းမျိုးစိတ်
#သီရိလင်္ကာ
#အိန္ဒိယ

Some text some message..