
ထူးခြားတဲ့ ခြေထောက် ၈ ဖက်ပါတဲ့ ရေဝက်ဝံ တွေကို tardigrade လို့ခေါ်ပြီး ရေညှိရေဝက် လို့လည်း ခေါ်ကြပါတယ်။ သေးငယ်တဲ့ ရေနေသတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ပြီး ၁၇၇၃ ခုနှစ်မှာ ဂျာမာန် သတ္တဗေဒပညာရှင် Johann August Ephraim Goeze မှ ပထမဆုံး ဖော်ပြခဲ့ပါတယ်။
ရေဝက်ဝံတွေကို ခံနိုင်ရည်အရှိဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခြင်း ခံထားရပြီး ပင်လယ်နက်များ ၊ အပူပိုင်းမိုးသစ်နောများ နဲ့ အန္တာတိကတိုက်တို့မှာ ကျယ်ပြန့်စွာ တွေ့နိုင်ပါတယ်။

ကြီးမားတဲ့ ခန္ဓာကိုယ် နဲ့ ခြေတံ တုတ်တုတ်တို့ကြောင့် " နှေးကွေးစွာ လမ်းလျှောက်သူ " လို့လည်း စနောက်ခေါ်ဝေါ်ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ရေဝက်ဝံတစ်ကောင်ရဲ့ ပျမ်းမျှ အရွယ်အစားမှာ ၁.၂ မီလီမီတာ သာရှိပြီး အများဆုံး ၁.၅ မီလီမီတာ ( ၀.၀၅၉ လက်မ ) သာ ရှိကြပါတယ်။ရေဝက်ဝံတွေမှာ တိုတောင်းပြီး ထွားကျိုင်းတဲ့ ခြေထောက်ရှစ်ဖက်ပါရှိပြီး တစ်ခုစီမှာ ခြေသည်းရှည်ကြီးတွေပါဝင်တတ်ကြပါတယ်။ယင်းတို့ရဲ့ ခြေချောင်းတစ်ခုစီမှာလည်း ခြေသည်း လေးခုကနေ ရှစ်ခုအထိကိုပါဝင်တတ်ကြပါသေးတယ်။

အပင်ဆဲလ်တွေ၊ ရေညှိတွေ၊ သေးငယ်တဲ့ ကျောရိုးမဲ့အကောင်လေးတွေကို အစာအဖြစ်သုံးဆောင်ကြပြီး ရေဝက်ဝံတွေရဲ့ ပါးစပ်ဟာ အလွန်သေးငယ်ကျဉ်းမြောင်းကြပါတယ်။ ရေဝက်ဝံတွေ မျိုးပွားကြတဲ့အခါ ၁၄ ရက်ထက်ပိုမကြာဘဲ မျိုးပွားကြပြီး မိတ်မလိုက်ခင်မှာ အရင်ပိုးပန်းတတ်ကြပါတယ်။ ထူးခြားချက်ကတော့ အထီးတစ်ကောင်ကိုမိတ်လိုက်ဖို့အတွက် အမအကောင်ရေများစွာက ဝိုင်းဝန်းစောင့်စားကြရပါတယ်။ ပုံပန်းသဏ္ဍာန်အရ ဆိုးဝါးပြီး အံ့ဖွယ်သဏ္ဍာန်ရှိကြပေမယ့် ဘာအန္တာရာယ်မှမပေးတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ် ... ။