ဆွီဇာလန်ရဲ့ အမြင့်ဆုံး ရေခဲတောင်ရှိတဲ့ ချစ်စရာမြို့ကလေး
mmload.com
|
2024-05-15

ရောမခေတ်ကတည်းက တည်ရှိတဲ့ ဂျာမန်အခေါ် Bernese Oberland ပြည်နယ်ဟာ ဆွီဇာလန်နိုင်ငံက အမွေအနှစ်နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ ဆွီဇာလန်နိုင်ငံရဲ့ မြို့တော် Bern ရဲ့ တောင်ဘက်အကျဆုံးအပိုင်းမှာ တည်ရှိပြီး အမြင့်‌ဆုံးသော တောင်တန်းတွေ ချန်ရံထားတဲ့ မြို့တော်တစ်ခုပဲ ဖြစ်ပါတယ်။ တောင်ကုန်း ၊ တောင်တန်း ၊ ရေခဲတောင် ၊ မြစ် ‌၊ ချောင်း ၊ ရေကန်တို့နဲ့ နတ်ဗိမ္မာန်တစ်ခုလို တည်ရှိတဲ့ Bernese Oberland ဟာ ဆွီဇာလန်နိုင်ငံမှ Canton အုပ်ချုပ်ခွင့်ရ နယ်မြေ ၅ ခုထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒါအပြင် ဆွီဇာလန်ရဲ့ အမြင့်ဆုံး ရေခဲတောင်တန်းထဲက တစ်ခုဖြစ်တဲ့ Finsteraarhorn ‌တောင် ( ၄၂၇၄ မီတာ ) ရှိတာကြောင့် ရာသီဥတုမှာ ‌အေမြလန်းဆန်းပြီး နေလို့ကောင်းပါတယ်။ 


Bernese Oberland ဟာ ရောမခေတ်မှာကတည်းက မုဆိုး နဲ့ ကုန်သည်တို့သွားရာ တောလမ်းတစ်ခု ဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် အုပ်စိုးခဲ့ရာ ၁၉ ရာစုနှောင်းပိုင်းမှာတော့ ထိုခေတ်ထဲမှာ အတော်ကို ဖွံ့ဖြိုးတဲ့ ဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Bern-Lötschberg-Simplon-Bahn မီးထားလမ်းဟာ ဆွီဇာလန်နိုင်ငံရဲ့ ပုဂ္ဂလိက အကြီးဆုံး မီးရထားလမ်းတစ်ခု ပဲဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်မှ ၁၉၅၀ ခုနှစ်အတွင်းမှာ ဟိုတယ်လုပ်ငန်း ၊ လမ်းပန်းဆက်သွယ်ရေး ၊ စီးပွားဖြစ် လည်ပတ်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းတွေ တဟုန်ထိုး တိုးတက်လာခဲ့တာကြောင့် Bernese Oberland ဟာ လက်ရှိမှာတော့ နိုင်ငံရပ်ခြားခရီးသွားတွေအတွက် နိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်လာပါတယ်။ 


သစ်ပင်ပန်းမန်တွေသာမက ရေခဲတောင်တွေ ၊ မြစ် ၊ ချောင်း ၊ ရေကန်တွေနဲ့ပါ အလှပဆုံးဖွဲ့စည်းထားတဲ့ Bernese Oberland ရဲ့ ရာသီဥတုမှာလည်း ပြောစရာမလိုလောက်အောင်ကို ‌တစ်နှစ်ပတ်လုံး အေးမြစိုစွတ်ကြပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ လေကို အပြည့်အဝရနိုင်မယ့်အပြင် နှင်းလျှောစီးခြင်း ၊ တောင်တက်ခြင်းတို့ပါ လုပ်ဆောင်နိုင်ပါသေးတယ်။ နယ်မြေတစ်ခုလုံးဟာ အမှိုက်မရှိသလောက်ဖြစ်ပြီး ကမ္ဘာပေါ်က အသန့်ရှင်းဆုံးမြို့ထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါသေးတယ်။ ဒါကြောင့် ရောက်တဲ့သူတိုင်းကို မပြန်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ Bernese Oberland ကို တစ်ခါလောက်တော့ ရောက်ဖူးအောင် သွားကြည့်သင့်ပါတယ်။ 



#ရေကန်
#ရာသီဥတု
#ရောမ
#နယ်မြေ
#ရေခဲတောင်

Some text some message..