ရှေ့လက်နဲ့ သားကောင်ကို ဖမ်းနိုင်တဲ့ တစ်ခုတည်းသော ဖျံမျိုးစိတ်
mmload.com
|
2024-05-17

Sea Otter လို့ခေါ်တဲ့ ပင်လယ်ဖျံလေးတွေကတော့ Enhydra မျိုးစု ဆင်းသက်လာတဲ့ ဖျံမျိုးစိတ် တစ်မျိုးဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း နဲ့ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ တွေ့ရပါတယ်။ ရေနေနို့တိုက်သတ္တဝါမျိုးစိတ် တစ်ခုဖြစ်ပြီး Mustelidae မိသားစုထဲမှာ အလေးချိန်အမြင့်ဆုံးနဲ့ အကောင်အသေးဆုံး မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ Sea Otter တွေဟာ ကုန်းပေါ်မှာ ကျယ်ပြန့်စွာ ‌သွားလာနိုင်သလို ရေပြင်မှာလည်း သီးခြားနေထိုင်နိုင်စွမ်း ရှိကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို နူးညံ့ချောစင်းတဲ့ အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပြီး ဒီပင်လယ်ဖျံတွေသာ အခြားပင်လယ်ဖျံတွေထက် ဦးခေါင်းခွံပိုကြီးကြပါတယ်။ 


အရွယ်ရောက်ပြီးတဲ့ ပင်လယ်ဖျံတစ်ကောင်ရဲ့ ပျမ်းမျှကိုယ်အလေးချိန်မှာ ၁၄ မှ ၄၅ ကီလိုဂရမ် ( ၃၀ မှ ၁၀၀ ပေါင်ကြား ) ရှိပြီး ခန္ဓာကိုယ်အရှည်ကတော့ ၁.၂ မှ ၁.၅ မီတာ ( ၃ ပေ ၁၁ လက်မ မှ ၄ ပေ ၁၁ လက်မ ) အထိ ရှိနိုင်ပါတယ်။ Sea Otter အမတွေက အထီးတွေထက် အကောင်အရွယ်အစား ပိုသေးကြပါတယ်။ အစာစားချိန်မှာ ရေထဲသို့ဆင်းကာ သားကောင်ရှာကြတဲ့ Sea Otter တွေဟာ ငါးအမျိုးမျိုး ၊ ကျောရိုးမဲ့ ရေနေသတ္တဝါလေးများ ၊ ပုစွန် ၊ ခရု စတဲ့ ရေနေသတ္တဝါတွေကို အဓိက စားသုံးလေ့ ရှိပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ကြတဲ့ ပင်လယ်ဖျံတွေဟာ ရေအောက်ထဲရောက်တဲ့အခါ ရေကူးခတ်နိုင်တဲ့ ခြေတံတွေကို ထုတ်အသုံးပြုကြပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှိခဲ့တဲ့ Sea Otter တွေဟာ ဖျံတွေလောက်တော့ အမြင်အာရုံ မကောင်းကြပါဘူး။ 


ဒါပေမယ့် အကြားအာရုံမှာတော့ သူမတူအောက် နားပါးကြတဲ့ ချစ်စရာ သတ္တဝါလေးပဲ ဖြစ်ပါတယ်။ အစုလိုက်အဖွဲ့လိုက် နေထိုင်လေ့ ရှိပြီး မနက်ခင်းပိုင်းမှာ ပင်လယ်ရေပြင်ထဲ သားကောင်ရှာ ကျက်စားကြပြီး နေ့ခင်းအချိန်မှာ ကုန်းပေါ်ကမ်းစပ် ကျောက်ဆောင်တွေအနားမှာ အိပ်စက် အနားယူကြပါတယ်။ ဒါအပြင် Sea Otter‌ တွေဟာ သူတို့ရဲ့ရှေ့လက်နဲ့ ငါးဖမ်းနိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ နူးညံ့ချောဆင်းတဲ့ အမွေးရှည်တို့ကို ပိုင်ဆိုင်ထားပြီး လိုက်လျောညီထွေနေနိုင်တဲ့ ဒီပင်လယ်ဖျံလေးတွေဟာ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုကြောင့် အကောင်အရေအတွက် များစွာ လျော့နည်းခဲ့ပါတယ်။ လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပြီး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ချစ်စရာ ဖျံမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။  



#ပင်လယ်ဖျံ
#အလေးချိန်
#သတ္တဝါ
#သားကောင်
#ပင်လယ်

Some text some message..