
Nauru နိုင်ငံကတော့ ပစိဖိတ်ဒေသအလယ်ပိုင်းက Micronesia ရှိ ကျွန်းနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ ယခင်က Pleasant Island လို့ လူသိများပြီး တရားဝင် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံငယ် တစ်ခုပဲ ဖြစ်ပါတယ်။ ရေပတ်ပတ်ဝန်းရံထားတဲ့ ကျွန်းနိုင်ငံ တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ စုစုပေါင်း မြေပြင်ဧရိယာမှာ ၂၁ ကီလိုမီတာ ( ၈.၁ စတုရန်းမိုင် ) သာ ကျယ်ဝန်းပါတယ်။ Nauru သမ္မတနိုင်ငံဟာ Vatican City နဲ့ Monaco တို့ပြီးရင် ကမ္ဘာပေါ်က တတိယအသေးဆုံး နိုင်ငံငယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါအပြင် အသေးဆုံး သမ္မတနိုင်ငံ နဲ့ အသေးဆုံး ကျွန်းနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဘီစီ ၁၀၀၀ ခန့်မှာ Micronesia မှ Naura လူမျိုးတို့ကို သိမ်းပိုက်ပြီးနောက် ၁၉ ရာစုမှာတော့ ကိုလိုနီလက်အောက်ခံ နိုင်ငံတစ်ခုဖြစ်ခဲ့တာကြောင့် Naura နိုင်ငံသားတို့ ခက်ခဲဆင်းရဲစွာ ရှင်သန်ခဲ့ရပါတယ်။ ဂျပန် နဲ့ အင်္ဂလိပ်ကိုလိုနီတို့ကြား မြန်မာနိုင်ငံကဲ့သို့ မြေစာပင် ဖြစ်ခဲ့ရတဲ့ Naura နိုင်ငံဟာ ၁၉၆၈ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ Nauru နိုင်ငံဟာ ပင်လယ်ပြင်အလယ်မှာ တည်ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ကမ်းရိုးတန်းတစ်လျှောက် Phosphorite ကျောက် များစွာ ထွက်ရှိပါတယ်။ သဘာဝသယံဇာတတွေ ပေါကြွယ်ဝစွာ ရှိတာကြောင့် Nauru နိုင်ငံဟာ နယ်ချဲ့နိုင်ငံတွေရဲ့ စီးပွားရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

Phosphorite ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာကြောင့် ပင်လယ်ရေအောက် စီးဝင်သွားတဲ့ Phosphorite ဟာ ရေအောက်က ရေနေသတ္တဝါတွေနဲ့ သန္တာကျောက်တန်းတို့ကို သေဆုံးစေနိုင်ပါတယ်။ ရာသီဥတုမှာ အီကွေတာနဲ့ သမုဒ္ဒရာတို့နဲ့ နီးကပ်တာကြောင့် တစ်နှစ်ပတ်လုံး ပူပြင်းပြီး စိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ်။ ပတ်ပတ်လည်မှာ ပင်လယ်ပြင်သာရှိတာကြောင့် သီးခြားတစ်ကိုယ်တည်း ဖြစ်နေတဲ့ Nauru နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်တဲ့အပြင် ကမ္ဘာပေါ်က အဝလွန်သူ အများဆုံး နဲ့ ဆီးချိုရောဂါသည် အများဆုံး ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါအပြင် သတ္တုအလွန်အကျူး တူးဖော်မှုတို့ကြောင့် နိုင်ငံဟာ ဆင်းရဲမွဲတေ ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာပေါ်က ကလေးသေဆုံးမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ Nauru နိုင်ငံကို သွားချင်တဲ့အခါ လေကြောင်း နဲ့ ရေကြောင်း ခရီးကိုသာ အသုံးပြုရပြီး လက်ရှိမှာတော့ အလည်အပတ်သွားသင့်တဲ့ နိုင်ငံထဲမှာ မပါဝင်ပါဘူး။