
Snowflake moray ဟာ Muraenidae မျိုးရိုးက ဆင်းသက်လာတဲ့ ရေနေငါးရှဉ့်မျိုးစိတ် တစ်မျိုးဖြစ်ပြီး လို့လည်း ခေါ်ပါတယ်။ သိပ္ပံနာမည်မှာ Echidna nebulosa လို့ခေါ်ပြီး Echidna ဟာ ဂရိဘာသာဖြင့် " မြွေပွေး " နဲ့ nebulosa ဟာ လက်တင်ဘာသာဖြင့် " အုံ့ဆိုင်းခြင်း " သို့်မဟုတ် " တိမ်ထူခြင်း " လို့ ခေါ်ပါတယ်။ Zebra moray တွေနဲ့ စရိုက်လက္ခဏာတူကြတဲ့ Snowflake moray ကို အာဖရိက အရှေ့ဘက် ကမ်းရိုးတန်း မှ အင်ဒို-ပစိဖိတ်ဒေသ တစ်လျှောက် ၊ မိုင်ခရိုနီးရှား ပင်လယ်နီအပါအဝင် ဟာဝိုင်အီ အထိ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။ ဒါအပြင် Baja California ၊ Maxico ၊ Costa Rica နဲ့ Colombia မြောက်ပိုင်းတို့မှာလည်း တွေ့ရပါတယ်။

ပင်လယ်ငါးရှဉ့်မျိုးစိတ် တစ်ခုဖြစ်ပြီး ပျမ်းမျှ ခန္ဓာကိုယ်အရှည် အရွယ်အစားမှာ ၅၀ စင်တီမီတာ ( ၂၀ လက်မ ) ရှိပါတယ်။ Snowflake moray တစ်ကောင်ရဲ့ အမြင့်ဆုံး စံချိန်တင်အရွယ်အစားမှာ ၁၀၀ စင်တီမီတာ ( ၃၉ လက်မ ) အထိ ရှိခဲ့ပါတယ်။ အများအားဖြင့် အဝါရောင် ၊ အနက်ရောင် ၊ အညိုရောင် ရောစပ်ထားတဲ့ အစင်းကြောင်းအရေပြား နဲ့ ဖွဲ့စည်းထားပြီး ပါးစပ်ထိပ်ပိုင်းမှာ အဖြူရောင်အရောင်အဆင်း ရှိပါတယ်။ အခြား ငါးရှဉ့်မျိုးစိတ်တွေနဲ့ မတူဘဲ Snowflake moray ရဲ့ နှာခေါင်းဟာ နှစ်ထပ်ပုံသဏ္ဍာန်ရှိပြီး နှာထိပ်မှ ထိုးထွက်နေတဲ့ အဝါရောင် အချောင်းနှစ်ချောင်းမှ အသက်ရှူကြတာပဲ ဖြစ်ပါတယ်။

ဒါအပြင် အဖိုးကြီးအဖွားကြီးသွားတွေလို တုံးတိနေတဲ့ သွားတုံးတွေသာရှိပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ခန္ဓာကိုယ်တစ်လျှောက်က ဆူးတောင်ရှည်တွေကို အသုံးပြုကြပါတယ်။ နှာခေါင်းပြွန်နှစ်ထပ်ပါတာကြောင့် အနံ့ခံအာရုံမှာတော့ သူမတူအောင် ကောင်းမွန်ကြတဲ့ Snowflake moray ငါးရှဉ့်တွေဟာ ငါး ၊ ပုစွန် ၊ ရေဘဝဲ ၊ ကဏန်းတို့ကို အဓိက စားသုံးကြပါတယ်။ ဒီ ငါးရှဉ့်တွေကို သန္တာကျောက်တန်း ၊ ကျောက်ဆောင် ၊ ကျောက်တန်းအပျက်အစီးတွေကြားမှာ တွေ့ရနိုင်ပြီး အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လိင်ပြောင်းလဲနိုင်တာကြောင့် သူတို့ရဲ့ မျိုးပွားနှုန်း ၊ မိတ်လိုက်ရာသီကိုတော့ အတိအကျ မသိရဘူးပဲ ဖြစ်ပါတယ်။ သီးခြားအေးဆေး နေထိုင်တဲ့ Snowflake moray တွေဟာ လက်ရှိအချိန်မှာတော့ ပင်လယ်ရေအောက်မှာ ကျယ်ပြန့်စွာ သွားလာနေလျက် ရှိပါတယ်။