နိုင်ငံလူဦးရေရဲ့ ၇၅ရာခိုင်နှုန်းက အကူအညီလိုအပ်နေတဲ့ အနောက်အာရှက နိုင်ငံတစ်ခု
mmload.com
|
2024-05-17

Yemen နိုင်ငံကတော့ တရားဝင် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတစ်ခု ဖြစ်တဲ့ အနောက်အာရှက နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ တောင်ဘက်မှာ အာရေဗျကျွန်းဆွယ် ၊ မြောက်ဘက်မှာ ဆော်ဒီအာရေးဗီးယား ၊ အရှေ့မြောက်ဘက်မှာ အိုမန်နိုင်ငံ ၊ အနောက်တောင်ဘက်မှာ အိန္ဒိယသမုဒ္ဒရာတို့ အပြင် Eritrea ၊ ဂျီဘူတီ ၊ ဆိုမာလီယာနိုင်ငံတို့နဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ Sanna မြို့ဟာ Yemen နိုင်ငံရဲ့ ဖွဲ့စည်းပုဲ အခြေခံဥပဒေဆိုင်ရာ မြို့တော်ဖြစ်ပြီး အကြီးဆုံး မြို့လည်း ဖြစ်ပါတယ်။ အာရေဗျ ဘာသာစကားကို အဓိက အသုံးပြုကြတဲ့ Yemen နိုင်ငံဟာ အများစုမှာ အာရပ်မွတ်စလင် လူမျိုးတို့ ဖြစ်ပြီး နိုင်ငံရဲ့ စုစုပေါင်း ဧရိယာမှာ ၅၂၈၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ 


Yemen နိုင်ငံတော် တည်ရှိတဲ့နေရာဟာ နှစ်ပေါင်း ၇၀၀၀ ကျော်က ယဉ်ကျေးမှုအများအပြားရှိတဲ့ မြေနေရာဖြစ်ပြီး ဘီစီ ၁၂၀၀ မှာ စီးပွားရေးမြို့တော်တစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် သာယာအေးချမ်းတဲ့ Yemen နိုင်ငံတော် ဖြစ်အောင် ခေတ်အဆက်ဆက် စွမ်းဆောင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ Yemen နိုင်ငံတော်ဟာ အလုပ်လက်မဲ့မှု ၊ ဆင်းရဲမွဲတေမှု ၊ အကျင့်ပျက်ခြစားမှု ၊ တိုင်းပြည်အာဏာလုမှုတွေကြောင့် အုပ်ချုပ်ရေးယန္တာရားတို့ ယိမ်းယိုင်ခဲ့ပါတယ်။ မတရားခံနေရတဲ့ ပြည်သူတွေဟာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ပြီး ပုန်ကန်မှု‌တို့ကြောင့် တိုင်းပြည်မငြိမ်သက် ဖြစ်ခဲ့ပါတယ်။ 


နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး စတဲ့ အဘက်ဘက်က လစ်ဟင်းမှုတို့ကြောင့် Yemen သမ္မတနိုင်ငံတော်ဟာ ကမ္ဘာပေါ်က ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ဒါအပြင် အာရှတိုက်အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိက တစ်ခွင်မှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စစ်တမ်းတွေအရ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ Yemen နိုင်ငံသားပေါင်း ၂၄ သန်း သို့မဟုတ် Yemen နိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ငတ်မွတ်ခေါင်းပါးမှုနဲ့ အပြင်းအထန် ကြုံတွေ့နေရတဲ့ Yemen နိုင်ငံဟာ လုယက်မှု ၊ ပြန်ပေးဆွဲမှုတို့ကြောင့် ကမ္ဘာပေါ်က သွားလာဖို့ မသင့်တဲ့ အန္တာရာယ်အရှိဆုံး နိုင်ငံထဲက တစ်ခုဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 



#ဘာသာစကား
#သမုဒ္ဒရာ
#စာနာမှု
#ကီလို
#အာရှ

Some text some message..