တစ်ကောင်ကို သိန်း ၄၀၀ ကျော်ပေးရတဲ့ ရှေးအကျဆုံး တန်ဖိုးကြီး မြင်းမျိုးစိတ်
mmload.com
|
2024-05-20

Akhal-Teke မြင်းဟာ Turkmen မြင်းမျိုးစိတ်တစ်မျိုး ဖြစ်ပြီး Turkmenistan နိုင်ငံရဲ့ ကိုယ်စားပြု မြင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တာ့ခ်မင်နစ္စတန် ၊ ဥရောပ နဲ့ မြောက်အမေရိကတို့မှာ ကျယ်ပြန့်စွာ တွေ့ရှိရပြီး ဘီစီ ၁၀၄ မှာ ပေါက်ဖွားခဲ့တဲ့ Ferghana မြင်းကနေ ဆင်းသက်လာတယ်လို့လည်း ဆိုပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို သန်မာစွာ ခံနိုင်ရည်ရှိတဲ့ မြင်းမျိုးစိတ် တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်က ရှေးအကျဆုံး မြင်းမျိုးစိတ်တွေထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ ‌ဒီ Akhal-Teke horse တွေဟာ အမြန်နှုန်း ၊ ခံနိုင်ရည်ရှိမှု ၊ ဉာဏ်ရည်ဉာဏ်သွေး နဲ့ ထူးခြားတဲ့ အရောင်အဆင်းအကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုများစွာ ရရှိပါတယ်။


ခန္ဓာကိုယ် အမွေးအရောင်မှာ အညိုရင့်ရောင် ၊ သစ်အယ်သီးရောင် ၊ မီးခိုးရောင် ၊ ခရင်မ်ရောင် ၊ အဝါရောင် နဲ့ သတ္တုရောင်တောက်တောက် တို့ ရှိတတ်ပြီး တန်ဖိုးလည်း ကြီးတာကြောင့် " ရွှေမြင်း " လို့လည်း ခေါ်ကြပါသေးတယ်။ အလယ်အလတ်ကြီးတဲ့ မြင်းမျိုးစိတ်တစ်မျိုးဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ Akhal-Teke horse တစ်ကောင်ရဲ့ ပျမ်းမျှ ပုခုံးအထိ အမြင့်မှာ ၁၄၄ မှ ၁၆၀ စင်တီမီတာ ကြား ရှိပါတယ်။ အလေးချိန်မှာ ၄၃၀ မှ ၅၀၀ ကီလိုဂရမ် ရှိတာကြောင့် အတော်ကို သန်မာတဲ့ မြင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ‌လည်ဆံ နဲ့ အမြီးတို့မှာ ရှည်လျားတဲ့ ခပ်ပွပွ အမွေးရှည်တို့ ပါရှိပြီး အားကစားပြိုင်ပွဲတွေမှာ ကျယ်ပြန့်စွာ သုံးစွဲကြတာကြောင့် အားကစားမြင်းလို့လည်း ခေါ်ကြပါတယ်။ 


ဒီ Akhal-Teke horse တွေကို တာတိုမြင်းစီးပြိုင်ပွဲ ၊ တာရှည်မြင်းစီးပြိုင်ပွဲ ၊ မြင်းခုန် လောင်းပွဲတွေမှာ အသုံးပြုခဲ့ကြပြီး တန်ဖိုးလည်း အတော်ကြီးတဲ့ မြင်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။Akhal-Teke horse တစ်ကောင်ရဲ့ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ ၁၀၀၀၀ ဝန်းကျင် ( သိန်း ၄၀၀ ) ကျော် တန်ဖိုးရှိကြပါတယ်။ ဒါအပြင် နေထိုင်နိုင်တဲ့ ပျမ်းမျှဘဝသက်တမ်းမှာ နှစ် ၂၀ ဝန်းကျင် ရှိတာကြောင့် အသက်ရှည်ရှည်နဲ့ ကျန်းမာသန်စွမ်းစွာ နေထိုင်တဲ့ ချစ်စရာ မြင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အရောင်အဆင်းကြောင့် အထက်တန်းလွှာတွေကြား စနစ်တကျ မွေးမြူကြတဲ့ Akhal-Teke horse တွေဟာ လက်ရှိမှာတော့ အကောင်ရေ ၆၀၀၀ ကျော်သာ ရှိတော့ပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် တန်ဖိုးကြီးမြင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 



#ခန္ဓာကိုယ်
#အရောင်အဆင်း
#ကီလို
#မီးခိုး
#မြင်းမျိုးစိတ်

Some text some message..