မိတ်လိုက်ခြင်းကို ရေထဲမှာ ပြုလုပ်လေ့ရှိတဲ့ Eurasian otter
mmload.com
|
2024-06-01

Eurasian otter တွေကတော့ ယူရေးရှားနဲ့ Maghreb တို့မှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ ကုန်းနေရေနေ နို့တိုက်သတ္တဝါလေးပဲ ဖြစ်ပါတယ်။ old world otter သို့မဟုတ် ဥရောပမြစ်ဖျံ လို့လည်း ခေါ်ပြီး Lutra မျိုးစုမှာ အများဆုံး ရှိတဲ့ ဖျံမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည်မှာ Lutra Lutra လို့ ခေါ်ပြီး ပညာရှင် Linnaeus က စတင် တရားဝင် ဖော်ပြခဲ့ပါတယ်။ ပုံမှန်အရွယ်အစား ဖျံမျိုးစိတ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် ကျောဘက်ပိုင်းမှာ အညိုရောင် အမွေးရှည်တွေနဲ့ ဖွဲ့စည်းထားပါမယ်။ ရင်ဘတ်ပိုင်းတစ်လျှောက်မှာ အဖြူရောင် အမွေးတို့နဲ့ ဖွဲ့စည်းထားပြီး ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ် နဲ့ အမြီးရှည်ရှည်တို့ ပါရှိကြပါတယ်။ 


အထီးတွေက အမတွေထက် အကောင်အရွယ်အစား ပိုကြီးကြပြီး အရွယ်ရောက်ပြီးတဲ့ Eurasian ဖျံအထီးတစ်ကောင်ရဲ့ ပျမ်းမျှအရှည်မှာ ၅၇ မှ ၉၅ စင်တီမီတာ ( ၂၂.၅ မှ ၃၇.၅ လက်မ ) ရှိပါတယ်။ ပျမ်းမျှခန္ဓာကိုယ်အလေးချိန်မှာ ၇ မှ ၁၂ ကီလိုဂရမ် ( ၁၅ မှ ၂၆ ပေါင် ) ရှိပြီး စံချိန်တင် အမြင့်ဆုံး ခန္ဓာကိုယ်အလေးချိန်ကတော့ ၂၄ ကီလိုဂရမ် ( ၅၃ ပေါင် ) ကျော်အထိ ရှိခဲ့ပါတယ်။ ဒီဖျံတွေဟာ စားနပ်ရိက္ခာပေါများကြွယ်ဝစွာ ရှိတဲ့ ကမ်းရိုးတန်း‌ ၊ ပင်လယ်ရေစပ် ၊ မြစ်စပ် ၊ ချောင်းစပ် တွေလို ပင်လယ်ရေငန်နေရာမှာ အုပ်စုလိုက် နေထိုင်လေ့ ရှိပြီး သူတို့ရဲ့သားမွေးတွေကို သန့်ရှင်းရေးလုပ်ဖို့ ရေချိုရရှိတဲ့ နေရာတွေကိုလည်း လိုအပ်ကြပါတယ်။


အသားစားသတ္တဝါတစ်မျိုးဖြစ်ပြီး ငါးကို အဓိက ဖမ်းယူစားသောက်တဲ့ Eurasian ဖျံတွေဟာ ရေထဲက ခရု ၊ ဂုံး ၊ သန်ကောင် ၊ crustacean ၊ အင်းဆက်များ နဲ့ ဥတွေအပြင် ငှက်ငယ်‌နဲ့ အသီးအရွယ်အချို့ကိုလည်း စားသုံးနိုင်ကြပါတယ်။ အများအားဖြင့် တကိုယ်တည်း သီးခြားနေထိုင်လေ့ ရှိပြီး အထီးကျန်တဲ့ ဖျံမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဒါအပြင် မိတ်လိုက်ခြင်းကို ရေထဲမှာ ပြုလုပ်‌ကြတဲ့ ထူးထူးခြားခြား ရေနေသတ္တဝါလေးပဲ ဖြစ်ပါတယ်။ Eurasian otter တို့ရဲ့ ပျမ်းမျှဘဝသက်တမ်းမှာ ၁၇ နှစ်ဖြစ်ပြီး ‌အစာအာဟာရ ပေါများကြွယ်ဝတဲ့ တောတွင်းထဲမှာ နှစ် ၂၀ ဝန်းကျင်အထိ နေထိုင်နိုင်ကြပါတယ်။ ဖမ်းဆီးသတ်ဖြတ်မှု များစွာ ခံခဲ့ရတဲ့ Eurasian otter တွေမှာ အာရှနိုင်ငံတော်တော်များများမှာတော့ မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သနားစရာ ဖျံမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 



#ခန္ဓာကိုယ်
#အရွယ်အစား
#ကီလို
#အလေးချိန်
#သတ္တဝါ

Some text some message..