လူသားတို့ရဲ့ ညီအမ Chimpanzee မျောက်ဝံတွေရဲ့ ထူးခြားချက်တွေ
mmload.com
|
2024-06-03

Chimpanzee လို့သိကြတဲ့ အကောင်လေးကတော့ မျောက်ဝံမျိုးစိတ်တစ်မျိုးဖြစ်ပြီး အပူပိုင်း အာဖရိကသစ်တောတွေနဲ့ ဆာဗားနားသစ်တောတွေမှာ တွေ့ရလေ့ ရှိပါတယ်။ လူသားတွေနဲ့ ညီအမ သို့မဟုတ် လူသားတွေဟာ Chimpanzee မျောက်ဝံက လာတယ်လို့တောင် ဆိုကြပြီး လူသားတွေနဲ့ အရင်းနှီးဆုံး သက်ရှိ ဆွေမျိုးလည်း ဖြစ်ပါတယ်။ သိပ္ပံနာမည်မှာ Pan troglodytes လို့ခေါ်ပြီး ၁၇၃၈ ခုနှစ်မှာ ပထမဆုံး မှတ်တမ်းတင် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ခြေချောင်း ၊ လက်ချောင်းတွေကလွဲ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပြီး အကောင်ကြီး မျောက်ဝံမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ 


ဒီ Chimpanzee တွေရဲ့ မျက်‌လုံးအပေါ်က မျက်ခုံးဟာ ကကြီးပုံသဏ္ဍာန် ရှိပြီး အစုလိုက်အဖွဲ့လိုက် နေထိုင်လေ့ရှိတဲ့ မျောက်ဝံတစ်မျိုးပဲ ဖြစ်ပါတယ်။ အထီးတွေဟာ အမတွေထက် အကောင်အရွယ်အစား ပိုကြီးပြီး အရွယ်ရောက်ပြီးတဲ့ Chimpanzee အထီးတစ်‌ကောင်ရဲ့ ပျမ်းမျှ ကိုယ်အလေးချိန်မှာ ၄၀ မှ ၇၀ ကီလိုဂရမ် ( ၈၈ မှ ၁၅၄ ပေါင် ) ရှိပါတယ်။ အမတွေကတော့ ၂၇ မှ ၅၀ ကီလိုဂရမ် ( ၆၀ မှ ၁၁၁ ပေါင် ) အလေးချိန် ရှိကြပါတယ်။ အဖွဲ့ဝင် ၁၅ ကောင်မှ ၁၅၀ ကောင်အထိ ရှိတဲ့ အုပ်စုအဖွဲ့လိုက် နေထိုင်ကြပြီး အရွယ်ရောက်ပြီးတဲ့ ချင်ပန်ဇီတစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်တစ်ခုလုံးအမြင့်မှာ ၁၅၀ စင်တီမီတာ ( ၄ ပေ ၁၁ လက်မ ) ရှိပါတယ်။ သာမန်မိန်းကလေးတစ်ယောက်အရပ်လောက် ရှိတဲ့ Chimpanzee မျောက်ဝံတွေဟာ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အမွေးတွေ ကျွတ်သွားပြီး ထိပ်ပြောင်တွေ ဖြစ်‌လာပါတယ်။ 


ပျမ်းမျှ ကိုယ်ဝန်ဆောင်သက်တမ်းမှာ ၈ လဖြစ်ပြီး အသက် ၃ နှစ်အရွယ်မှာ အရွယ်ရောက် ရင့်ကျက်မှုကို ရောက်ရှိကြပါတယ်။ အဓိကအားဖြင့် သစ်သီးသစ်ဥတို့ကို စားသုံးကြပြီး အရွက်များ ၊ အစေ့များ ၊ အပွင့်များ ၊ ပင်စည်ခေါက် ၊ သစ်စေး အပြင် အင်းဆက်ပိုးမွှားတွေကိုလည်း စားသုံးနိုင်ကြပါတယ်။ များသောအားဖြင့် အသက် ၁၂ နှစ် ဝန်းကျင် ရှင်သန်နိုင်ကြပြီး Chimpanzee တစ်ကောင်ရဲ့ အမြင့်ဆုံးဘဝသက်တမ်းမှာ ၁၅ နှစ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ တောရိုင်း ‌ချင်ပန်ဇီတွေကတော့ နှစ် ၆၀ ဝန်းကျင်တောင် ရှင်သန်နိုင်ကြတာပဲ ဖြစ်ပါတယ်။ စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှု များစွာ ခံခဲ့ရတဲ့ Chimpanzee တွေဟာ လက်ရှိမှာတော့ အကောင်အရေအတွက် အတော်ကို လျော့နည်းလာပြီဖြစ်ပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမျောက်ဝံမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 



#ခန္ဓာကိုယ်
#ကီလို
#အလေးချိန်
#မျောက်ဝံ
#ချင်ပန်ဇီ

Some text some message..